Slider

ဟယ်ဆင်ကီးမြို့ခံများကြား လိင်ကွဲပြားမှုအရ ကွာခြားမှု သိသိသာသာ ရှိနေဆဲဖြစ်

ဟယ်ဆင်ကီးမြို့တော်က သက်ဆိုင်ရာ စာရင်းအင်းများကို ကိုးကား၍ သတင်းထုတ်ပြန်မှုအရ ဟယ်ဆင်ကီးမြို့တွင် နေထိုင်ကြသော အမျိုးသမီးများနှင့် အမျိုးသားများအတွက် ဘဝ၏ မတူညီသော နယ်ပယ်များစွာတွင် ကျား/မ လိင်ကွဲပြားမှုများရှိကြောင်း ဖော်ပြထားသည်။ လုပ်ခလစာ၊ အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုများ ကြုံတွေ့ရခြင်း၊ ရာဇဝတ်မှုများ၏ သံသယရှိသူများ အရေအတွက်နှင့် လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့တွင် လိင်ကွဲပြားမှုအရ ကွာခြားမှုများ သိသာထင်ရှားသည်။
မြို့တော် အာဏာပိုင်များက ဒုတိယအကြိမ်အဖြစ် အညွှန်းကိန်းများကို အသုံးပြု၍ လိင်အလိုက် ခွဲခြားထားသော စာရင်းအင်း အချက်အလက်များကို စုစည်းကာ ကျားမတန်တူးညီမျှမှု၏ လက်ရှိအခြေအနေကို ပြန်လည် သုံးသပ်ခဲ့သည်။ အညွှန်းကိန်း အများစုမှာ မြို့တော်အဆင့်ရှိ စောင့်ကြည့်လေ့လာရေး နယ်ပယ်သုံးခုဖြစ်သော ကျန်းမာရေးနှင့် သုခ၊ မြို့တော်ဗျူဟာနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ညွှန်းကိန်းများနှင့် ဆက်စပ်နေသည်။ ၂၀၂၁ ခုနှစ်တွင်  အလားတူ သုံးသပ်ချက်ကို နောက်ဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။
ပြန်လည်သုံးသပ်နေသော ဘဝ၏ နယ်ပယ်အားလုံး (ကျန်းမာရေးနှင့် သုခ၊ လုံခြုံရေး၊ ပညာရေးနှင့် အလုပ်၊ တန်းတူပါဝင်မှုနှင့် ခွဲခြားဆက်ဆံမှု) တွင် လိင်ကွဲပြားမှုများကို တွေ့နိုင်သည်။ ဟယ်လ်ဆင်ကီမြို့ရှိ ကွာခြားမှုများသည် အမျိုးသားများနှင့် အမျိုးသမီးများကြား ကွာခြားမှုများနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် လက်ခံထားသော အမြင်များကို ထင်ဟပ်စေသည်။ ဥပမာအားဖြင့် အိမ်ယာမဲ့ဖြစ်ခြင်းကို အမျိုးသမီးများထက် အမျိုးသားများတွင် ပိုတွေ့ရပြီအမျိုးသမီးများမှာ အမျိုးသားများထက် ပို၍ မလုံခြုံမှုကို ခံစားရသည်။
လူငယ်များကြားတွင် စိတ်ပိုင်းဆိုင်ရာ သုခနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ကြုံတွေ့ရခြင်းတို့တွင်လည်း လိင်ကွဲပြားမှုများ ရှင်းရှင်းလင်းလင်း ရှိနေသည်။ စာရင်းအင်းများအရ မိန်းကလေးများ၏ အခြေအနေမှာ ယောက်ျားလေးများထက် သိသိသာသာ ပို၍အားနည်းနေသည်။ ရာဇဝတ်မှုများတွင် သံသယရှိသော အရွယ်မရောက်သေးသူ အများစုမှာ ယောက်ျားလေးများ ဖြစ်သည်။
ယခင် ပြုလုပ်ခဲ့သော အလားတူ သုံးသပ်ချက်တွင် ဆန်းစစ်ခဲ့သည့် အညွှန်းကိန်းများ၏ အားလုံးနီးပါးတွင် လေ့လာတွေ့ရှိခဲ့သော ကွာခြားမှုများသည် အနီးစပ်ဆုံး တူညီနေဆဲဟု ဆိုသည်။ သို့သော် အမျိုးသမီးများ၏ ဘဝအရည်အသွေးဆိုင်ရာ အတွေ့အကြုံများ ဆိုးရွားလာခဲ့ပြီး အမျိုးသားများထက် ပိုမိုကောင်းမွန်ခြင်း မရှိတော့ကြောင်း တွေ့ရသည်။
ယခင် သုံးသပ်ချက်တွင် အလေးထား ဖော်ပြခဲ့သော Grade-4 နှင့် 5 အရွယ် ယောက်ျားလေးများ၏ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းမှာ ယခုနောက်ဆုံးရရှိသော အချက်အလက်များအရ တိုးတက်လာခဲ့သည်။ အလယ်တန်းနှင့် အထက်တန်းအဆင့် မိန်းကလေးများမှာ ယောက်ျားလေးများထက် ပါဝင်ခွင့်ရမှုဆိုင်ရာ မကောင်းသော အတွေ့အကြုံများကို ရရှိနေသော်လည်း အသက် (၂၀) နှင့်အထက် လူကြီးများတွင်မူ ထိုကဲ့သို့သော လိင်ကွဲပြားမှုကို မတွေ့ရဟု ဆိုသည်။


0

No comments

Post a Comment

blogger