Slider

ဖင်လန်နိုင်ငံအကြောင်း သိကောင်းစရာ အချို့

 ဖင်လန်နိုင်ငံမှာ ဥရောပမြောက်ပိုင်းရှိ နော်ဒစ်နိုင်ငံများတွင် ပါဝင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ နော်ဒစ် (Nordic) နိုင်ငံများမှာ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ဘာသာစကားနှင့် နိုင်ငံရေးဆိုင်ရာ ဆက်နွယ်မှုများ ရှိကြသည်။

နော်ဒစ်ဒေသတွင် ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်းနှင့် ဖာရိုးကျွန်းစု၊ ဖင်လန်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အာလန်တို့ ပါဝင်သည်။
ဖင်လန်နိုင်ငံမှာ သဘာဝ အလှတရား၊ နည်းပညာတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်း မြင့်မားမှုတို့ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ထင်ရှားသော နိုင်ငံလည်း ဖြစ်သည်။ ဖင်လန်နိုင်ငံအကြောင်း သိကောင်းစရာအချို့ကို ကောက်နုတ်‌ဖော်ပြထားပါသည်။

* တည်နေရာနှင့် မြေမျက်နှာသွင်ပြင်

တည်နေရာ - ဖင်လန်နိုင်ငံမှာ ဆွီဒင်၊ နော်ဝေ၊ ရုရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဘော်လ်တစ်ပင်လယ်နှင့် ထိစပ်နေသည်။
မြေမျက်နှာသွင်ပြင် - ဖင်လန်နိုင်ငံတွင် ရေအိုင်များစွာရှိပြီး "ရေအိုင် ထောင်ပေါင်းများစွာ နိုင်ငံ" ဟု တင်စားခေါ်ဝေါ်ကြသည်။ ဖင်လန်တွင် ခန့်မှန်းခြေ ရေအိုင် (၁၆၈,၀၀၀) ရှိသည်ဟု ဆိုသည်။ နိုင်ငံ၏ (၇၀) ရာခိုင်နှုန်းခန့်မှာ သစ်တောများဖြင့် ဖုံးလွှမ်းနေသည်။
အကျယ်အဝန်း - ဖင်လန်နိုင်ငံ၏ အကျယ်အဝန်းမှာ ၃၃၈,၄၄၅ စတုရန်းကီလိုမီတာ (၁၃၀,၆၇၉ စတုရန်းမိုင်) ရှိသည်။ ထိုအရွယ်အစားသည် ဥရောပတိုက်တွင် ဆဌမမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် (၆၅) ခုမြောက် အကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။

* မြို့တော်နှင့် လူဦးရေ

မြို့တော် - ဟယ်ဆင်ကီးမြို့ (Helsinki) သည် ဖင်လန်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး နိုင်ငံတောင်ပိုင်းတွင် တည်ရှိသည်။
လူဦးရေ - ဖင်လန်နိုင်ငံ၏ လူဦးရေမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်တွင် (၅,၆၃၇,၀၀၀) ရှိပြီး ဥရောပတိုက်တွင် လူဦးရေအနည်းဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ လူဦးရေ နည်းပါးသော်လည်း လူနေမှုအဆင့်အတန်း မြင့်မားသော နိုင်ငံအဖြစ် ထင်ရှားသည်။

* စီးပွားရေးနှင့် ပညာရေး

စီးပွားရေးအခြေခံ - ဖင်လန်နိုင်ငံမှာ နည်းပညာ အတိုးတက်ဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး Nokia ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများ ပေါ်ထွန်းရာ နိုင်ငံလည်း ဖြစ်သည်။
ပညာရေး - ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်မှာ ကမ္ဘာတစ်ဝှမ်းတွင် ထိပ်တန်းအဆင့်မှ ပါဝင်ပြီး မညီမျှမှု မရှိဘဲ အရည်အသွေး မြင့်မားသော ပညာရေးကို သင်ယူနိုင်ခွင့်ရှိနိုင်သည်။

* ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း

ဘာသာစကား - ဖင်လန်နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ ဖင်လန်ဘာသာစကားဖြစ်ပြီး ဆွီဒင်ဘာသာစကားကိုလည်း ဒုတိယ ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုကြသည်။
ဓလေ့ထုံးတမ်း - ဖင်လန်လူမျိုးများသည် Sauna ခေါ် ချွေးထုတ်ခန်းကို ဓလေ့ထုံးတမ်းတစ်ခုအဖြစ် အသုံးပြုလေ့ရှိသည်။
အားကစား - ဖင်လန်နိုင်ငံတွင် ဟော်ကီ၊ စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်း စသည့် ဆောင်းရာသီအားကစားများတွင် ထင်ရှားသည်။

* သဘာဝပတ်ဝန်းကျင်

သဘာဝအလှတရား - ဖင်လန်နိုင်ငံမှာ သဘာဝ အလှတရားဖြင့် ပြည့်နှက်နေပြီး ဆောင်းရာသီတွင် ဥတ္တရအလင်းတန်းများ (Aurora Borealis) ကို မြင်တွေ့နိုင်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး - ဖင်လန်နိုင်ငံက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်ပြီး စွမ်းအင်၏ အဓိက အရင်းအမြစ်မှာ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည်။

* နိုင်ငံရေး

အစိုးရစနစ် - ဖင်လန်နိုင်ငံက ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး သမ္မတသည် နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင် - ဖင်လန်နိုင်ငံမှာ ဥရောပသမဂ္ဂ (EU) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ယူရိုငွေကြေးကို အသုံးပြုသည်။

* ထင်ရှားသောပုဂ္ဂိုလ်များ

  • Jean Sibelius - ဖင်လန်နိုင်ငံ၏ နာမည်ကျော်ဂီတစာဆို ဖြစ်သည်။
  • Linus Torvalds - Linux စနစ်၏ ဖန်တီးသူ ဖြစ်သည်။


0

No comments

Post a Comment

blogger