Slider

မြန်မာကျောင်းသားများ ခေါ်ယူခဲ့မှုကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရန် ဝန်ကြီးဌာနက Riveria ကို ညွှန်ကြားစာပို့

ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (OKM) က North Karelia Education Joint Municipal Authority Riveria ထံ စာတစ်စောင် ပေးပို့ခဲ့သည်။ Riveria အနေဖြင့် နိုင်ငံတကာကျောင်းသားများ ခေါ်ယူမှုနှင့် လက်ခံမှု ကိစ္စရပ်များကို ဝန်ကြီးဌာနသို့ ရှင်းလင်းတင်ပြရန် ထိုစာတွင် ညွှန်ကြားထားသည်။ ၂၀၂၂ ခုနှစ်တွင် North Karelia ၌ သူနာပြုများအဖြစ် လာရောက်ပညာသင်ကြားခဲ့သည့် မြန်မာနိုင်ငံမှ ကျောင်းသား (၄၃) ဦး ရှိခဲ့သည်။

ထိုကျောင်းသားများမှာ ဖင်လန်နိုင်ငံသို့ မရောက်မီ ၎င်းတို့၏ မိခင်နိုင်ငံတွင် လမ်းညွှန်းသင်တန်း အမေရိကန်ဒေါ်လာ (၁၀,၀၀၀) ပေးချေခဲ့ရသည်။ ထိုအခကြေးငွေများကို မြန်မာနိုင်ငံရှိ ပညာရေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုက ကောက်ခံခဲ့ပြီး ထိုအဖွဲ့အစည်းက Riveria ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုသို့ အွန်လိုင်းသင်တန်းအတွက် ငွေပေးချေခဲ့သည်။

North Karelia တွင် Riveria ၌ ပညာသင်ကြားခဲ့သော်လည်း Siu Sote Municipal Joint Authority နှင့် အလုပ်သင်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသူများရှိသည်။ Riveria ၏ အစီရင်ခံစာအရ အလုပ်သင်စာချုပ်မှာ ကျောင်းသားနှင့် အလုပ်ရှင်တို့ကြား သတ်မှတ်ကာလအတွင်း ပြုလုပ်သော အလုပ်ခန့်ထားမှု စာချုပ်ဖြစ်သည်။။
ဝန်ကြီးဌာန၏ အဆိုအရ ကျောင်းသား၏ သင့်တော်မှုကို အကဲဖြတ်ခြင်း အမြဲတမ်း ပညာရေးဝန်ဆောင်မှု၏ တာဝန်ဖြစ်ပြီး ဘွဲ့ရရှိရန် လျှောက်ထားသူ၏ သင့်တော်မှုကို အကဲဖြတ်ရမည်။ ပညာရေးဝန်ဆောင်မှုက ထိုလုပ်ငန်းစဥ်ကို ကျောင်းသားအဖြစ် လက်ခံရန် ဆုံးဖြတ်ချက်မချမီတွင် လုပ်ဆောင်ရန် တာဝန်ရှိသည်။ 

- ဥပဒေအရ ပညာရေးဝန်ဆောင်မှုပေးသူတွင် တာဝန်ရှိ

ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက Riveria ဖြစ်ရပ်သည် အသက်မွေးဝမ်းကျောင်း ပညာရေးအရည်အချင်းများ တင်ပို့ရောင်းချခြင်းနှင့် မပတ်သက်သည်ဟု ထုတ်ပြန်ထားသည်။  
သို့သော် ပညာရေးဝန်ဆောင်မှုပေးသူ အနေဖြင့် မိမိပါဝင်ချုပ်ဆိုသည့် သဘောတူညီချက်များမှာ ကျင့်ဝတ်နှင့်မညီသော သို့မဟုတ် ဥပဒေမဲ့သော လုပ်ငန်းများ မဖြစ်စေရေး သေချာစေရန် တာဝန်ယူရမည်ဟု သတိပေးထားသည်။ ထိုတာဝန်မှာ ၎င်း၏ မိတ်ဖက်များ၏ လုပ်ဆောင်မှုများနှင့်လည်း သက်ဆိုင်သည်။  
အစိုးရ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသော အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းအတွက် နိုင်ငံခြားမှ ကျောင်းသားများကို ခေါ်ယူသည့်အခါ သဘောတူညီချက်များကို ကျောင်းသား၏ အမြင်ဖြင့်လည်း စိစစ်ရန် ဝန်ကြီးဌာနက အလေးထား ပြောခဲ့သည်။ 
Vocational Education and Training Act ဥပဒေတွင် ပညာရေးဝန်ဆောင်မှုပေးသူမှာ ကျောင်းသားတစ်ဦးကို ဝင်ခွင့်လက်ခံခြင်းနှင့် ပတ်သက်၍ အမှန်တကယ် ဆုံးဖြတ်ချက်ချသူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ဝန်ကြီးဌာနအရ အဆိုပါ လိုအပ်ချက်မှာ အထူးသဖြင့် ကျောင်းသားရွေးချယ်မှု မတိုင်မီ ဘာသာစကားနှင့် မူလနိုင်ငံ ပညာရေးအတွက် အခကြေးငွေ ကောက်ခံသည့် အခြေအနေများတွင် အကျုံးဝင်ကြောင်း သိရသည်။
https://yle.fi/a/74-20142606
0

No comments

Post a Comment

blogger