ဖင်လန်နိုင်ငံတွင် နေထိုင်သည့်အခါ လူမှုဆက်ဆံရေး၌ ဖင်လန်လူမျိုးများ မနှစ်သက်တတ်သော အပြုအမူတွေကို သိထားပါက ၎င်းတို့နှင့် ဆက်ဆံရာတွင် ပိုမို နားလည်မှုရှိပြီး ဆက်ဆံရေး ပိုမို ကောင်းမွန်စေနိုင်သည်။ ဖင်လန်လူမျိုးများက ၎င်းတို့ရဲ့ ယဉ်ကျေးမှနှင့် လူမှုဆက်ဆံရေး ဓလေ့များကြောင့် အချို့ အပြုအမူတွေကို မနှစ်သက်တတ်ကြပါ။ လူမှုဆက်ဆံရေးတွင် ဖင်လန်လူမျိုးများ မနှစ်သက်တတ်တဲ့ အပြုအမူတွေကို ကောက်နုတ်ဖော်ပြထားပါသည်။
၁။ ပုဂ္ဂိုလ်ရေးနယ်နိမိတ်ကို ကျော်လွန်ခြင်း
ဖင်လန်လူမျိုးတို့က ၎င်းတို့၏ ပုဂ္ဂိုလ်ရေးနယ်နိမိတ်ကို အထူး ဂရုစိုက်ကြသည်။ မရင်းနှီးသေးဘဲ နီးနီးကပ်ကပ် မေးမြန်းခြင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကို စပ်စုခြင်းမျိုးကို မနှစ်သက်ကြပါ။ ၎င်းတို့က လူမှုဆက်ဆံရေးတွင် အကွာအဝေးကို ထိန်းသိမ်းတတ်ကြပါတယ်။
၂။ မလိုအပ်ဘဲ အလွန်အကျွံ စကားပြောခြင်း
ဖင်လန်လူမျိုးများက တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်ကြပြီး အလွန်အကျွံ စကားပြောခြင်းမျိုးကို မနှစ်သက်ကြပါ။ ၎င်းတို့ကစကားပြောရာတွင် တိုတိုနဲ့ လိုရင်းကို ပြောတတ်ကြသည်။ အလွန်အကျွံ စကားပြောခြင်းကို စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု မြင်ကြသည်။
၃။ အလွန်အကျွံ ချီးမွမ်းခြင်း
ဖင်လန်လူမျိုးတို့က ချီးမွမ်းခံရခြင်းကို သဘောမကျတတ်ကြပါ။ အထူးသဖြင့် အလွန်အကျွံ ချီးမွမ်းခြင်းမျိုးကို သဘောမကျကြပါ။ ၎င်းတို့က အပိုလုပ်တာမပါဘဲ ရိုးသားပြီး သဘာဝကျကျ ဆက်ဆံရေးကို ပိုနှစ်သက်ကြသည်။
၄။ ပွင့်ပွင့်လင်းလင်း မရှိခြင်း
ဖင်လန်တို့က ပွင့်ပွင့်လင်းလင်းနှင့် တိုက်ရိုက် ဆက်ဆံပြောဆိုခြင်းကို နှစ်သက်ကြသည်။ ထို့ကြောင့် လှည့်ပတ်ပြောဆိုခြင်းမျိုး၊ မမှန်ကန်သော အချက်အလက်များ ပေးခြင်းမျိုးကို မနှစ်သက်ကြပါ။
၅။ အလွန်အကျွံ လာရောက်စွက်ဖက်ခြင်း
ဖင်လန်လူမျိုးတို့က ၎င်းတို့၏ ကိုယ်ပိုင်အချိန်နှင့် လွတ်လပ်မှုကို အထူး တန်ဖိုးထားကြသည်။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အချိန်ကို အလွန်အကျွံ လာရောက်စွက်ဖက်တာမျိုးကို မနှစ်သက်ကြပါ။
၆။ အလွန်အကျွံ စိတ်ခံစားမှုပြခြင်း
ဖင်လန်လူမျိုးတို့က စိတ်ခံစားမှုကို ထိန်းချုပ် ပြသလေ့ရှိသည်။ အလွန်အကျွံ စိတ်ခံစားမှုပြသူတွေကို သဘောမကျတတ်ကြပါ။ ထို့ကြောင့် လူမှုဆက်ဆံရေးတွင် စိတ်ခံစားမှုကို အလွန်အကျွံ ပြသခြင်းမျိုး ရှောင်ကြဉ်သင့်သည်။
၇။ အချိန်မတိုင်ခင် ဖိအားပေးခြင်း
ဖင်လန်လူမျိုးတို့မှာ အချိန်ကို တိကျစွာ လိုက်နာကြပြီး အလုပ်ကို အချိန်မီ ပြီးအောင် လုပ်ဆောင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို အလျင်စလို ဖိအားပေးခြင်းမျိုး၊ အချိန်မတိုင်ခင် အလုပ်၏ ရလဒ်များကို မျှော်လင့်မှုမျိုးကို မနှစ်သက်ကြပါ။
၈။ အလွန်အကျွံ စည်းကမ်းတင်းကြပ်ခြင်း
ဖင်လန်လူမျိုးတို့က လွတ်လပ်မှုကို တန်ဖိုးထားကြပြီး အလွန်အကျွံ စည်းကမ်းတင်းကြပ်မှုကို မနှစ်သက်ကြပါ။ ၎င်းတို့က ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုကို ပို၍နှစ်သက်ကြသည်
၉။ နောက်ကျခြင်း
အချိန်တိကျမှုကို အလေးထားသော ဖင်လန်တို့က ချိန်းဆိုထားသော အချိန်ထက် နောက်ကျခြင်းကို မနှစ်သက်ကြပါ။ အစည်းအဝေး သို့မဟုတ် လူမှုရေး စုဝေးပွဲရှိပါ ကြိုတင် အကြောင်းမကြားဘဲ နောက်ကျမှ ရောက်လာပါက ရိုင်းပျသည်ဟု ယူဆကြသည်။
၁၀။ တန်းစီစနစ်ကို မလိုက်နာဘဲ ကြားဖြတ်ခြင်း
ဖင်လန်လူမျိုးများက တန်းစီစနစ်အတိုင် မလိုက်နာဘဲ ကြားဖြတ်ဝင်ခြင်း သို့မဟုတ် မိမိအလှည့်ကို မစောင့်ဆိုင်းခြင်းကို ရိုင်းပျသည်ဟု ယူဆကြပြီး ထိုအပြုအမူမျိုးကို မနှစ်သက်ကြပါ။
No comments
Post a Comment