၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်း အပန်းဖြေ ညအိပ်ခရီး (၁.၁) သန်းခန့် ရှိခဲ့ပြီး ထိုအရေအတွက်မှာ ယခင်နှစ်ကထက် ငါးပုံတစ်ပုံ လျော့နည်းခဲ့ကြောင်း ဖင်လန်နိုင်ငံ စာရင်းအင်းဌာန အချက်အလက်များအရ သိရသည်။ ပြည်ပ အပန်းဖြေခရီး အရေအတွက်မှာ ယခင်နှစ်နှင့် အတူတူပင်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် (၀.၄) သန်းခန့် ရှိခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ငွေပေးချေရသည့် နေရာများတွင် နေထိုင်သည့် ပြည်တွင် အပန်းဖြေခရီး အရေအတွက်မှာ (၀.၃) သန်း ဖြစ်ပြီး အခမဲ့ တည်းခိုနေထိုင်ရာ နေရာများတွင် နေထိုင်သည့် ပြည်တွင်း အပန်းဖြေခရီး အရေအတွက်မှာ (၀.၈) သန်း ဖြစ်သည်။ ပြည်ပသို့ ညအိပ် အပန်းဖြေခရီး စုစုပေါင်း (၀.၃) သန်းရှိခဲ့သည်။
ခရီးစဉ်အရေအတွက်မှာ ယခင်နှစ်နှင့် အတူတူပင် ဖြစ်သော်လည်း ခရီးစဉ်များနှင့် ဆက်စပ်နေသည့် ညအိပ်ခရီး အရေအတွက်မှာ သုံးပုံတစ်ပုံ လျော့နည်းသွားခဲ့သည်။ ဖင်လန်နိုင်ငံတွင် အပန်းဖြေခရီးစဥ်များအတွင်း ညအိပ်မှု အရေအတွက် စုစုပေါင်း (၄.၀) သန်းရှိပြီး ပြည်ပ အပန်းဖြေခရီးတွင် ညအိပ်သည့်အရေအတွက်မှာ (၃.၃) သန်း ရှိခဲ့သည်။ ညအိပ်သည့် ပြည်တွင်း စီးပွားရေးလုပ်ငန်း ခရီးစဉ် စုစုပေါင်း (၀.၁) သန်းခန့် ရှိခဲ့ပြီး ထိုအရေအတွက်မှာ ယခင်နှစ်ကထက် လေးပုံတစ်ပုံ လျော့နည်းခဲ့သည်။
No comments
Post a Comment