ဖင်လန်နိုင်ငံ ရဲတပ်ဖွဲ့ အစည်းအရုံး (SPJL) က သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြောင်း Helsingin Sanomat သတင်းစာက ရဲတပ်ဖွဲ့၏ အတွင်းပိုင်း အုပ်စုတစ်ခုတွင် ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြသည်။ "SPJL က သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ပြီး မကြာမီ အဖွဲ့ဝင်များထံသို့ ဆက်သွယ်ပြောကြားသွားမယ်" ဟု SPJL ကိုယ်စားလှယ်တစ်ဦးက မက်ဆေ့ချ် ရေးသားခဲ့သည်။
ယခု လုပ်ဆောင်မှုသည် လုပ်ခလစာ တိုးမြှင့်ရေးကိစ္စ အငြင်းပွားမှုပေါ်တွင် အရင်းခံသည်ဟု သတင်းစာက ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် ဖော်ပြသည်။ SPJL ဥက္ကဋ္ဌ Jonne Rinne က ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး ညှိနှိုင်းရေးအဖွဲ့ (Juko) ၏ ဘုတ်အဖွဲ့က နောက်ဆုံး ဆုံးဖြတ်ချက်များကို ချမှတ်လိမ့်မည်ဟု ပြောခဲ့သည်။ Juko ဥက္ကဋ္ဌ Katarina Murto ကလည်း ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့သည်။
လက်တွေ့တွင် ရဲတပ်ဖွဲ့အပြင် အစိုးရဝန်ထမ်း အဖွဲ့အစည်းများကလည်း မကြာမီ သပိတ်မှောက်ရန် ခြိမ်းခြောက်လာနိုင်သည်။ အကောက်ခွန်ဘုတ်အဖွဲ့မှ ဝန်ထမ်းများ၊ ကာကွယ်ရေးတပ်ဖွဲ့များ သို့မဟုတ် နယ်ခြားစောင့်တပ်ဖွဲ့များမှ ပါဝင်လာနိုင်သည်။ SPJL နှင့် ထိုဌာနများ ကိုယ်စားပြုသော အစည်းအရုံးများအပြင် အကျဥ်းထောင်စောင့်များနှင့် အခြားသူများက အစိုးရ၏ လုပ်ဆောင်ချက်များကို ဝေဖန်သည့် ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကို မတ်လ (၁၈) ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။
ဖင်လန်၏ ကာကွယ်ရေးလုပ်ငန်း စည်းမျဉ်းများအရ အရေးကြီးတာဝန်များကို လူ့အသက်၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်လုံခြုံရေးအတွက် ဆောင်ရွက်ရန် လိုအပ်သောကြောင့် သပိတ်မှောက်မှုရှိသော်လည်း ရဲအရာရှိအချို့က လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ ဖင်လန်နိုင်ငံတွင် ရဲအရာရှိများက ယခင်က ၁၉၇၆ ခုနှစ်တွင် တစ်ကြိမ်သာ သပိတ်မှောက်ခဲ့ဖူးကြောင်း သိရသည်။
No comments
Post a Comment