Slider

KELAက ပိုပေးခဲ့သည့် ကျောင်းသား ထောက်ပံ့ငွေ ယူရို (၂၆) သန်းကို ပြန်တောင်းရန် စီစဥ်

 ဖင်လန်နိုင်ငံ၏ လူမှုဖူလုံရေးအာမခံ အဖွဲ့အစည်း Kela က ၂၀၂၃ ခုနှစ်အတွင်း ငွေကြေးအထောက်အပံ့ ရရှိရန်အတွက် သတ်မှတ်ထားသော နှစ်စဉ်ဝင်ငွေ ကန့်သတ်ချက်ထက် ကျော်လွန်သွားသည့် ကျောင်းသား (၂၅,၀၀၀) ခန့်ထံမှ ငွေများ ပြန်လည်တောင်းခံရန် လုပ်ဆောင်နေသည်။ Kela က ပိုပေးခဲ့သည့် ငွေကြေးအထောက်အပံ့ ယူရို (၂၆.၃) သန်းကို ပြန်လည်တောင်းခံမည့် အစီအစဉ်များကို ကြေညာခဲ့သည်။


ထိုအစီအစဥ်များအရ ပျမ်းမျှအားဖြင့် ကျောင်းသားတစ်ဦးစီက Kela ထံသို့ ယူရို (၁,၀၂၃) ပြန်ပေးရမည် ဖြစ်သည်။ ပြန်လည်တောင်းခံသည့် ငွေကြေးအထောက်အပံ့အတွက် (၇.၅) ရာခိုင်နှုန်း အပိုကြေးပေးရသည်။ အကယ်၍ ငွေကြေးအထောက်အပံ့ ရရှိသူ၏ ဝင်ငွေက သတ်မှတ်ထားသော ကန့်သတ်ချက်ထက် ကျော်လွန်သွားပါက ထိုအထောက်အပံ့ကို ပြန်တောင်းခံရမည် ဖြစ်သည်။ ဝင်ငွေကန့်သတ်ချက်များကို မကြာသေးမီနှစ်များအတွင်း တိုးမြှင့်လာခဲ့ရာ ရလဒ်အနေဖြင့် ငွေပြန်တောင်းမှုများ လျော့နည်းလာခဲ့သည်။
Kela ၏ ကျောင်းသား ငွေကြေးအထောက်အပံ့ဌာနမှ အကြီးတန်း ညှိနှိုင်းရေးမှူး Ilpo Lahtinen ၏ အဆိုအရ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် ကျောင်းသားငွေ ကြေးအထောက်အပံ့အတွက် နှစ်စဉ်ဝ င်ငွေကန့်သတ်ချက်ကို (၅၀) ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ “ဒီလို တိုးမြှင့်လိုက်တာကြောင့် ရလဒ်အဖြစ်က ပိုပေးခဲ့တဲ့ ငွေကြေးအထောက်အပံ့တွေ ပြန်တောင်းရတာက (၄၇,၀၀၀) ကနေ (၂၅,၀၀၀) ကို ကျဆင်းသွားခဲ့တယ်” ဟု ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်တွင် (၉) လကြာ အထောက်အပံ့ ရရှိသူများအတွက် ဝင်ငွေကန့်သတ်ချက်ကို (၁၈,၇၂၀) ယူရိုအဖြစ် သတ်မှတ်ခဲ့သည်။ ပိုပေးခဲ့သည့် ထောက်ပံ့ငွေ ပြန်တောင်းခံရသည့် ကျောင်းသားများမှာ ထိုငွေပမာဏကို ဧပြီလ (၁၅) ရက်နေ့မတိုင်မီ ပြန်လည်ပေးအပ်ရမည်ဖြစ်ပြီး သတ်မှတ်ရက် မတိုင်မီ Kela သို့ ဆက်သွယ်၍ ငွေပေးချေမှုနည်းလမ်းများကို စီစဉ်နိုင်သည်။ နှစ်စဉ်ဝင်ငွေ စစ်ဆေးမှုမှာ ကျောင်းသား ငွေကြေးအထောက်အပံ့ (ပညာသင်ဆုနှင့် အိမ်ရာအထောက်အပံ့များ) နှင့် သက်ဆိုင်ပြီး အထွေထွေ နေထိုင်ရေး အထောက်အပံ့များနှင့် မသက်ဆိုင်ကြောင်း Kela က ဆိုသည်။


0

No comments

Post a Comment

blogger