Slider

ဖင်လန်နိုင်ငံတွင် ငွေရေးကြေးရေး အခက်အခဲ သုံးနှစ်ဆက်တိုက် တိုးလာနေ

 ၂၀၂၄ ခုနှစ်တွင် ဖင်လန်နိုင်ငံသား (၉) ရာခိုင်နှုန်းမှာ မဖြစ်မနေ ကုန်ကျစရိတ်များကို ဖြည့်ဆည်းရန် ရုန်းကန်နေရသည့် အိမ်ထောင်စုများတွင် နေထိုင်ကြသူများဖြစ်ကြောင်းနှင့် ၂၀၀၄ ခုနှစ်တွင် ကြုံခဲ့ရသော ရာခိုင်နှုန်းနီးပါး ဖြစ်ကြောင်း ဖင်လန်နိုင်ငံ စာရင်းဌာန အချက်အလက်များက ဆိုသည်။ ထိုအခြေအနေမှာ ငွေရေးကြေးရေ အခက်အခဲများ တိုးလာသည့် တတိယမြောက်နှစ် ဖြစ်လာကြောင်း ပေါ်လွင်စေခဲ့သည်။

ကလေးငယ်များရှိသည့် မိသားစုများတွင် အခက်အခဲများ အသိသာဆုံး တိုးလာခဲ့သည်။ မိဘနှစ်ဦးလုံးရှိသည့် အိမ်ထောင်စုများတွင် နေထိုင်သူများ၏ (၉) ရာခိုင်နှုန်းက ငွေရေးကြေးရေး အခက်အခဲများရှိကြောင်း ပြောကြသည်။ မိဘတစ်ဦးသာရှိသည့် အိမ်ထောင်စုများတွင်လည်း ထိုရာခိုင်နှုန်းက မြင့်မားနေဆဲဖြစ်ပြီး (၅) ဦးလျင် တစ်ဦးက လိုအပ်ချက်များ ဖြည့်ဆည်းရန် အခက်အခဲများ ကြုံနေရသည်။

"ခြုံကြည့်မယ်ဆိုရင် ၂၀၂၄ ခုနှစ်မှာ ကလေးငယ် (၁၁.၅) ရာခိုင်နှုန်းက ငွေကြေး အခက်အခဲ ကြုံနေတွ့နေရတဲ့ အိမ်ထောင်စုတွေမှာ နေထိုင်ခဲ့ကြတယ်။ နောက်ဆုံးအကြိမ် ဒီလို ထိခိုက်ခံစားရတဲ့ ကလေးငယ် (၁၀) ရာခိုင်နှုန်းကို ကျော်လွန်ခဲ့တာက ၂၀၁၄ ခုနှစ်မှာ ဖြစ်ပါတယ်" ဟု ဟု ဖင်လန်စာရင်းအင်းဌာနမှ အကြီးတန်း အရာရှိ Kaisa-Mari Okkonen က ပြောခဲ့သည်။

ဖင်လန်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု အန္တရာယ်ရှိနေသည့် လူဦးရေးမှာ ၂၀၂၄ ခုနှစ်တွင် (၅၇,၀၀၀) တိုးလာပြီး စုစုပေါင်း (၉၃,၀၀၀) အထိ ရှိလာသည်။ လူပုဂ္ဂိုလ်တစ်ဦး၏ အိမ်ထောင်စုမှာ ဝင်ငွေနည်းပါးကြောင်း၊ အလုပ်လက်မဲ့ဖြစ်ကြောင်း သို့မဟုတ် ပစ္စည်းဥစ္စာနှင့် လူမှုရေးဆိုင်ရာ အကြီးအကျယ် ဆုံးရှုံးနစ်နာမှု ကြုံတွေ့နေရကြောင်း သတ်မှတ်ထားပါက ထိုလူပုဂ္ဂိုလ်ကို ဆင်းရဲနွမ်းပါးမှု အန္တရာယ်ရှိကြောင်း ယူဆသည်။



0

No comments

Post a Comment

blogger