ယခု သီတင်းပတ်အတွင်း ရာသီဥတု အေးလာသောကြောင့် ဝတ်မှုန်များ ကျယ်ပြန့်စွာ ပျံ့နှံ့မှု ရပ်တန့်သွားသော်လည်း ဒေသတွင်း ဝတ်မှုန်များကို မြင်တွေ့နေရဆဲ ဖြစ်သည်။ ထို့အပြင် ဗဟိုဥရောပတွင် သစ်ကြားနှင့် alder အပင်များ ပန်းစပွင့်လာပြီး ဖင်လန်နိုင်ငံတွင် ဝတ်မှုန်များ ခရီးဝေး ရွေ့လျားမှုကို တွေ့ရသည်။
Turku တက္ကသိုလ်၏ ဝတ်မှုန် သတင်းထုတ်ပြန်ချက်ကို ဝတ်မှုန်ရာသီအတွင်း တစ်ပတ်လျှင် (၃) ကြိမ် ထုတ်ပြန်ရန် စီစဉ်ထားသည်။ Pätsi အဆိုအရ ဓာတ်မတည့်မှု ဖြစ်စေသော နွေဦးရာသီမှာ မည်သို့ ဖြစ်လာမည်ကို ခန့်မှန်းရန် ခက်ခဲနေသေးသည်။ "ဆောင်းရာသီက ဆက်ပြီး အလွန်မပြင်းထန်ဘူးဆိုရင်alder နဲ့ birch တို့လို အခြား နွေဦးရာသီ အပင်တွေလည်း ပုံမှန်ထက် စောပြီး ပန်းပွင့်လာနိုင်တယ်။ လာမယ့် ရက်သတ္တပတ်တွေနဲ့ လတွေထဲမှာ ရာသီဥတု ဘယ်လို ပြောင်းလဲလာမလဲဆိုတဲ့အပေါ် အမှန်တကယ် မူတည်နေပါတယ်" ဟု Pätsi က ဆိုသည်။
စာရင်းများအရ ယခုနှစ်တွင် birch အပင်၏ ဝတ်မှုန်ရာသီမှာ ပြီးခဲ့သည့် နှစ်ကထက် အနည်းငယ်ပိုမို ပြင်းထန်နိုင်သည်။ Natural Resources Institute Finland) ၏ ဝတ်မှုန် စာရင်းများ မပြီးသေးသောကြောင့် birch အပင်၏ ဝတ်မှုန်ရာသ မည်သို့ ဖြစ်လာမည်ကို အတိအကျ မပြောနိုင်သေးဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ Birch ဝတ်မှုန်များမှာ လူအများအပြားတွင် ဓာတ်မတည့်မှု ဖြစ်စေသည်။
https://yle.fi/a/74-20141141
.png)
.png)

No comments
Post a Comment