Slider

ဟယ်လ်စင်ကီနှင့် တူရ်ကူ တက္ကသိုလ်များတွင် သပိတ်မှောက်မည်ဟု သမဂ္ဂများက သတိပေး

ဟယ်လ်စင်ကီနှင့် တူရ်က္ကူ တက္ကသိုလ်များရှိ ဝန်ထမ်းသမဂ္ဂများက သပိတ်မှောက်မည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်လိုက်သည်။ အလုပ်သမား သုံးပုံတစ်ပုံခန့်ပါဝင်နိုင်သည့် ဤသပိတ်သည် မေလ ၂၇ ရက်၊ အင်္ဂါနေ့တွင် ၂၄ နာရီကြာ ပြုလုပ်ရန် စီစဉ်ထားသည်။

တက္ကသိုလ်ဝန်ထမ်းများကို ကိုယ်စားပြုသော သမဂ္ဂသုံးခုဖြစ်သည့် JHL, JUKO, နှင့် Pro တို့သည် စုပေါင်းညှိနှိုင်းမှုဆိုင်ရာ ဆွေးနွေးပွဲများတွင် သဘောတူညီမှုမရရှိသေးသည့်အတွက် ယခုကဲ့သို့ သပိတ်မှောက်မည်ဟု ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ အကယ်၍ ဝန်ထမ်းများ၏ လုပ်ခလစာနှင့် လုပ်ငန်းခွင်အခြေအနေများနှင့် ပတ်သက်၍ မေလ ၂၇ ရက်မတိုင်မီ အဖြေရှာမရပါက အဆိုပါ ၂၄ နာရီကြာ သပိတ်ကို ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါတက္ကသိုလ်နှစ်ခုမှ ဝန်ထမ်းပေါင်း ၁၃,၀၀၀ ခန့် သပိတ်တွင် ပါဝင်ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု သပိတ်မှောက်မည်ဟု သတိပေးချက်ထုတ်ပြန်ခြင်းသည် လွန်ခဲ့သည့်အပတ်က တမ်ပါရလ်တက္ကသိုလ် (Tampere University) တွင် ဝန်ထမ်းများက လုပ်ငန်းခွင်မှ ထွက်ခွာမှုကြောင့် စာသင်ကြားမှုများ ဖျက်သိမ်းခြင်းနှင့် စာမေးပွဲများ ရွှေ့ဆိုင်းခဲ့ရပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

သမဂ္ဂသုံးခုနှင့် အလုပ်ရှင်ကိုယ်စားလှယ် Sivista တို့အကြား သုံးလကျော်ကြာ ဆွေးနွေးနေသည့် သဘောတူညီမှုအသစ်အတွက် ညှိနှိုင်းဆွေးနွေးမှုများတွင် လုပ်ခလစာ တိုးမြှင့်ရေးနှင့် သင်ကြားရေးနာရီအရေအတွက်ကို ကန့်သတ်ထားခြင်းတို့နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။

Yle သတင်းရင်းမြစ်များအရ သမဂ္ဂများက လက်ရှိ သင်ကြားရေးနာရီကန့်သတ်ချက်ကို ထားရှိလိုကြသည်။ ၎င်းတို့က ယင်းကန့်သတ်ချက်သည် တက္ကသိုလ်ကထိကများနှင့် သုတေသီများ အလုပ်ဝန်ပိခြင်းမှ ကာကွယ်ပေးသည်ဟုဆိုသည်။ သို့သော် အလုပ်ရှင်အဖွဲ့ကမူ အလုပ်ချိန်ပိုများလာမည်မဟုတ်ဟုဆိုကာ စနစ်အသစ်တစ်ခု ဖန်တီးလိုနေသည်။

ယခု စုပေါင်းသဘောတူညီမှုသည် ဖင်လန်နိုင်ငံရှိ တက္ကသိုလ် ၁၃ ခုလုံးမှ ဝန်ထမ်းပေါင်း ၃၅,၀၀၀ ခန့်နှင့် သက်ဆိုင်သည်။



0

No comments

Post a Comment

blogger