ဖင်လန်နိုင်ငံ၏ အကြီးဆုံး ဘဏ်များမှာ OP, Nordea နှင့် Danske တို့ ဖြစ်ပြီး အခြား ရွေးချယ်စရာ ဘဏ်များတွင် Säästöpankki, Aktia, S-Pankki, POP နှင့် Ålandsbanken တို့ ပါဝင်သည်။ မည်သည့်ဘဏ်က မိမိအတွက် သင့်တော်သည်ကို ဆုံးဖြတ်ရန် အွန်လိုင်းတွင် နှုန်းထားများနှင့် ဝန်ဆောင်မှုများကို နှိုင်းယှဥ်ကြည်ပါ။
ဘဏ်တစ်ခုကို ရွေးချယ်ပြီးပါက ရက်ချိန်းယူရန် ဘဏ်ကို ဖုန်းဆက်ပါ သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပါ။ ဘဏ်သို့ လူကိုယ်တိုင်သွားရောက်ရန် ရက်ချိန်းတွင် ပတ်စ်ပို့ သို့မဟုတ် နိုင်ငံခြား မှတ်ပုံတင်ကတ်ကဲ့သို့သော တရားဝင် အထောက်အထားကို ယူဆောင်သွားရမည်။ ထို့အပြင် အောက်ပါအချက်အလက်များကို ဘဏ်ကိုပေးရန် ပြင်ဆင်ထားပါ။
- အမည်အပြည့်အစုံနှင့် personal identity code (လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးထားသော code ဖြစ်ပြီး https://migri.fi/en/personal-identity-code တွင် လေ့လာနိုင်သည်)
- ဖင်လန်နိုင်ငံ သို့မဟုတ် နိုင်ငံခြားရှိ နေရပ်လိပ်စာ
- အခြားနိုင်ငံတစ်ခုခုရှိ နေရပ်လိပ်စာ (အခွန်ပေးဆောင်ရသည့် နိုင်ငံ)
- ဘဏ်အကောင့်ကို အသုံးပြုခွင့်ရှိသူများ စာရင်း (ဥပမာ - အိမ်ထောင်ဖက်)
ဖင်လန်ကဲ့သို့သော EU နိုင်ငံတစ်ခုတွင် ဘဏ်အကောင့်ဖွင့်ခြင်းသည် ထင်ထားသလောက် မလွယ်ကူကြောင်း သိရှိထားရန် အရေးကြီးပါသည်။ ဘဏ်တွင် အကောင့်ဖွင့်လိုသည့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ကို မေးမြန်းခြင်း၊ ခရက်ဒစ်မှတ်တမ်းကို စစ်ဆေးခြင်းနှင့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများကို အတည်ပြုသည့် စာရွက်စာတမ်းများ တောင်းနိုင်သည်။ ဘဏ်၏ ထိုလုပ်ငန်းစဉ်က စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော်လည်း ဖင်လန်နိုင်ငံမှာ အခြားနိုင်ငံများကဲ့သို့ပင် ငွေကြေးခဝါချမှ တိုက်ဖျက်ရန် ကြိုးပမ်းနေသောကြောင့် ထိုသို့စိစစ်သော လုပ်ငန်းစဥ် လိုအပ်ခြင်း ဖြစ်သည်။
ဖင်လန်နိုင်ငံရှိ ဘဏ်ဝန်ဆောင်မှုတွေက ဘာတွေလဲ?
အကောင့်ဖွင့်ရန် ဘဏ်သို့ ပထမဆုံးအကြိမ် သွားရောက်ပြီးနောက် အကောင့်ပိုင်ရှင် အနေဖြင့် ဘဏ်လုပ်ငန်းကိစ္စများကို အများအားဖြင့် အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်သည်။ ဖင်လန်နိုင်ငံသားအများစုက ဘီလ်ပေးချေခြင်းကဲ့သို့သော ကိစ္စရပ်များအတွက် ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများကို အပြည့်အဝ အားကိုးကြသည်။
အွန်လိုင်းဘဏ်စနစ် အသုံးပြုခြင်းမှာ ဖင်လန်နိုင်ငံတွင် ခိုင်မာသော အထောက်အထား ရရှိခြင်းလည်း ဖြစ်သည်။ သက်ဆိုင်ရာ ဘဏ်က အွန်လိုင်းဘဏ်စနစ် အထောက်အထားများ ပေးလိမ့်မည် ဖြစ်သည်။ ထိုအထောက်အထားများကို အခွန်များ၊ လူမှုဝန်ဆောင်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားဝန်ဆောင်မှုများအပါအဝင် များစွာသော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ရယူရန်အတွက် အတွက် အသုံးပြုသည်။
အွန်လိုင်းဘဏ်စနစ် ဝင်ရောက်ရန်အတွက် -
၁။ ဖင်လန်နိုင်ငံ ကိုယ်ပိုင်အထောက်အထားနံပါတ် (Finnish personal ID)
၂။ ပတ်စ်ပို့ သို့မဟုတ် အထောက်အထားကတ် (ဖင်လန်၊ ဥရောပ စီးပွားရေးဧရိယာ (EEA)၊ San Marino သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံမှ ထုတ်ပေးထားသော) လိုအပ်ပါသည်။
No comments
Post a Comment