ဖင်လန်နိုင်ငံ စာရင်းအင်းဌာန (Statistics Finland) ၏ အဆိုအရ ပြီးခဲ့သည့် လေးနှစ်အတွင်း ဖင်လန်နိုင်ငံတွင် အိမ်ခြံမြေ ထိန်းသိမ်းစရိတ်များ သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဖင်လန်နိုင်ငံတွင် ထိန်းသိမ်းစရိတ်များ (၁၆.၄) ရာခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၄ ခုနှစ်တွင် ထိန်းသိမ်းစရိတ်များ (၀.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ကုန်ကျစရိတ် အမျိုးအစားများအနက် ၂၀၂၄ ခုနှစ်တွင် စွန့်ပစ်အမှိုက်ကိစ္စ စရိတ်များ အများဆုံး မြင့်တက်လာခဲ့သည်။ အဆောက်အဦ အမျိုးအစားအလိုက် ဆန်းစစ်ကြည့်ပါက ၂၀၂၄ ခုနှစ်တွင် လူနေတိုက်ခန်းများ၏ ထိန်းသိမ်းစရိတ်များ အများဆုံး မြင့်တက်ခဲ့သည်။ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်း အညွှန်းကိန်း မြင့်တက်လာခဲ့သည်။
No comments
Post a Comment