Slider

ဖေဖေါ်ဝါရီလတွင် ပြည့်ပခရီးသည် ပိုမိုဝင်ရောက်ခဲ့၊ ပြည်တွင်းခရီးသွား လျော့နည်းခဲ့

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဖင်လန်နိုင်ငံရှိ တည်းခိုစရာ နေရာများတွင် ညအိပ် နေထိုင်ကြသည့် ခရီးသွားအရေအတွက် စုစုပေါင်း (၁.၈၁) သန်းရှိခဲ့ကြောင်း ဖင်လန် စာရင်းအင်းဌာနက ထုတ်ပြန်သည်။ ညအိပ် ခရီးထွက်သည့် ပြည်တွင်းခရီးသွား အရေအတွက်မှာ (၁.၁၂) သန်းဖြစ်ပြီး ပြည်ပခရီးသွား (၀.၆၉) သန်း ရှိခဲ့သည်။  

ညအိပ် ခရီးထွက်သည့် ခရီးသွား စုစုပေါင်းအရေအတွက်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနှင့် အတူတူပင် ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ညအိပ် ခရီးထွက်သည့် ပြည်တွင်းခရီးသွား အရေအတွက်မှာ ယခင်နှစ်ကထက် (၄) ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ပြည်ပခရီးသွား အရေအတွက်မှာ ယခင်နှစ်ကထက် (၉) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အများဆုံးလာရောက်သည့် ပြည်ပခရီးသွားများမှာ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံများမှ ဖြစ်သည်။ ညအိပ် ခရီးထွက်မှု အများဆုံး ဒေသမှာ Uusimaa ဖြစ်ပြီး ခရီးသွား စုစုပေါင်း (၀.၄၆) သန်းရှိခဲ့သည်။ Uusimaa ဒေသတွင် ညအိပ် ခရီးထွက်သည့် ပြည်တွင်းခရီးသွားများ ယခင်နှစ်ကထက် (၃) ရာခိုင်နှုန်း မြင့်တက်လာပြီး ပြည်ပခရီးသွား (၂၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ဒုတိယအများဆုံး ညအိပ် ခရီးထွက်သည့် ဒေသမှာ Lapland ဖြစ်ပြီး ခရီးသွား (၀.၄၆) သန်းရှိခဲ့ကြောင်းနှင့် ထိုဒေသတွင် ပြည်တွင်းခရီးသွား အရေအတွက် (၁၆) ရာခိုင်နှုန်း ‌လျော့နည်းခဲ့ကာ ပြည်ပခရီးသွား အရေအတွက် (၃) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဟိုတယ်အခန်းများတွင် တည်းခိုမှုနှုန်းမှာ (၅၅) ရာခိုင်နှုန်းဖြစ်ပြီး ဟိုတယ်အခန်းတစ်ခန်း၏ ပျမ်းမျှစျေးနှုန်းမှာ (၁၃၅) ယူရိုဖြစ်သည်။ Lapland ဒေသတွင် ဟိုတယ်အခန်းခ ပျမ်းမျှစျေးနှုန်းမှာ အမြင့်ဆုံးဖြစ်ပြီး (၂၃၅) ယူရို ဖြစ်သည်။



0

No comments

Post a Comment

blogger