Slider

အမေရိကန်မူဝါဒ ပြောင်းလဲမှုများကြောင့် ဖင်လန်နိုင်ငံသား အများစု လုံခြုံရေး စိုးရိမ်

၂၀၂၅ ခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ထုတ်ပြန်လိုက်သော စစ်တမ်းအသစ်တစ်ခုအရ ဖင်လန်နိုင်ငံသား သုံးပုံနှစ်ပုံခန့်က လတ်တလော အမေရိကန်မူဝါဒ အပြောင်းအလဲများကြောင့် ဖင်လန်နှင့် ဥရောပ၏ လုံခြုံရေးကို စိုးရိမ်နေကြသည်။  

မတ်လ (၁၁) ရက် မှ (၁၉) ရက်အတွင်း ဖင်လန်သတင်းစာ (၂၁) စောင် ပူးပေါင်းပြုလုပ်ခဲ့သော Uutissuomalainen စစ်တမ်းတွင် လူ (၁,၀၀၀) ပါဝင်ဖြေကြားခဲ့ပြီး (၄၄) ရာခိုင်နှုန်းက အနည်းငယ် စိုးရိမ်ပြီး (၂၂) ရာခိုင်နှုန်းက အလွန်စိုးရိမ်ကြောင်း ဖြေကြားခဲ့ကြသည်။ လုဲးဝ စိုးရိမ်မှုမရှိဟု ဖြေကြားသူ (၅) ရာခိုင်နှုန်းသာ ရှိခဲ့သည်။ 

ဖြေကြားသူ အများအပြားက သမ္မတ ဒေါ်နယ်ထရမ့်သမ္မတ လက်ထက် နေတိုးအဖွဲ့ North Atlantic Treaty Organization (NATO) ကို ပံ့ပိုးမှု လျှော့ချလာခြင်းနှင့် ကုန်သွယ်ခွန် တိုးမြှင့်ခြင်း အပါအဝင် အမေရိကန်မူဝါ ဒပြောင်းလဲမှုများကို အဓိကစိုးရိမ်စရာအဖြစ် ပြောခဲ့ကြသည်။  

အမျိုးသမီးများကြား စိုးရိမ်မှု ပိုတွေ့ရပြီး (၇၃) ရာခိုင်နှုန်းက အနည်းဆုံး အတန်အသင့် စိုးရိမ်ကြောင်း ဖွင့်ဟခဲ့သည်။ အမျိုးသား (၅၉) ရာခိုင်နှုန်းကလည်း ထိုသို့ စိုးရိမ်မှုရှိကြသည်။ 

နိုင်ငံရေး ဆက်နွယ်မှုကလည်း အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ Finns Party ထောက်ခံသူများ၏ ထက်ဝက်ကျော်ကသာ စိုးရိမ်ကြပြီး Left Alliance ထောက်ခံသူမျာကြားတွင်မူ (၇၅) ရာခိုင်နှုန်းက စိုးရိမ်ကြောင်း ပြောခဲ့ကြသည်။  

"နေတိုးအဖွဲ့ဝင်ဖြစ်တာက ဖင်လန်ရဲ့ လုံခြုံရေးကို မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ရပေမဲ့ ထရမ့်ရဲ့ ခန့်မှန်းမရတဲ့ မူဝါဒကိစ္စက လူထုအမြင်ကို သိသိသာသာ သက်ရောက်နေပါတယ်"

ဟု Turku တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ကထိက Juha Vuori က ပြောသည်။  

ဥရောပတစ်ခွင် အလားတူစိုးရိမ်မှုများ တိုးလာနေကြောင်း Finnish Institute of International Affairs မှ အကြီးတန်း သုတေသီ Ville Sinkkonen က ထောက်ပြခဲ့သည်။  

"လတ်တလော YouGov စစ်တမ်းအရ ဗြိတိသျှ (၄၉) ရာခိုင်နှုန်းနဲ့ ဂျာမန် (၄၈) ရာခိုင်နှုန်းက ထရမ့်ကို ဥရောပလုံခြုံရေးအတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြတယ်"

ဟု ၎င်းက ပြောသည်။


0

No comments

Post a Comment

blogger