ဖင်လန်နိုင်ငံတစ်ခုလုံး ပိုဆင်းရဲလာပြီး တစ်ချိန်တည်းတွင် ချမ်းသာကြွယ်ဝမှုများ တိုးပွားလာ
ဆင်းရဲသူများ ချမ်းသာကြွယ်ဝရန် အခွင့်အရေးနည်းပြီး ချမ်းသာသူများ ချမ်းသာကြွယ်ဝရန် အခွင့်အရေး တိုးလာသည့် ဖင်လန်နိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှု ဖင်လန်နိုင်ငံသားများ၏ ချမ်းသာကြွယ်ဝမှု တန်ဖိုးမှာ ရှားရှားပါးပါး မြင်တွေ့ရသည့်နှုန်းဖြင့် ကျဆင်းလာခဲ့သည်။ နောက်ဆုံးအကြိမ် ထိုသို့ ကျဆင်းမှုမှာ လွန်ခဲ့သော ဆယ်စုနှစ် (၃) ခုတွင် ဖြစ်သည်။ ဖင်လန်စာရင်းအင်းဌာန၏ အဆိုအရ နှစ်ပေါင်းများစွာ ဆက်တိုက် တိုးတက်လာခဲ့သော ချမ်းသာကြွယ်ဝမှုသည် လွန်ခဲ့သော (၁၀) နှစ်မှစ၍ ကျဆင်းလာခဲ့ပြီး ယခုအထိ ဆက်လက် ကျဆင်းလျက်ရှိသည်။
ဖင်လန်နိုင်ငံသားများ၏ ပုံမှန် သို့မဟုတ် ပျမ်းမျှ ချမ်းသာကြွယ်ဝမှုသည် ၂၀၁၃ ခုနှစ်တွင် ယူရို (၁၀၉,၀၀၀) နီးပါး ရှိခဲ့သော်လည်း (၁၀) နှစ်အကြာတွင် ယူရို (၉၆,၀၀၀) အထိ ကျဆင်းသွားခဲ့သည်။ ဖေင်လန်စာရင်းအင်းဌာနက (၄) နှစ်တစ်ကြိမ် ပြုလုပ်သည့် အသေးစိတ် လေ့လာမှုမှာ ၂၀၂၃ ခုနှစ်တွင် ပြီးဆုံးသွားခဲ့သော်လည်း Lähi-Tapiola Asset Management မှ စီးပွားရေးပညာရှင် Hannu Nummiaro က လေ့လာမှု ကာလပြီးနောက်ပိုင်းတွင် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမှု အလားအလာ ဆက်လက်ရှိနေကြောင်း ခန့်မှန်းထားသည်။
အတိုးနှုန်းများ ကျဆင်းလာမှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများသည် နှစ်များစွာ ပြန်တက်လာမည်ဟု Nummiaro က မျှော်လင့်ထားသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုများမှာ ရေရှည်တွင် အကျိုးအမြတ်ရရှိစေပြီး ငွေစုခြင်းကလည်း ချမ်းသာမှုကို တိုးပွားစေသည်။ သို့သော် ချမ်းသာကြွယ်ဝမှု မြင့်တက်လာခြင်းမှာ အိမ်ထောင်စုများတွင် တူညီစွာ ဖြစ်ပေါ်နေခြင်း မဟုတ်ဟု ဆိုသည်။
၂၀၂၀ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်က စတော့ဈေးကွက်တန်ဖိုးများကို ခေတ္တ ပျက်စီးစေခဲ့သည်။ ထို့နောက် ရုံးမတက်ဘဲ အဝေးကနေ (နေအိမ်ကနေ) အလုပ်လုပ်ခြင်းကြောင့် အိမ်ခြံမြေတန်ဖိုးများ တက်လာစေပြီး ဈေးနှုန်းများ မြင့်တက်လာစေခဲ့သည်။ ထို့နောက် စစ်ပွဲကြောင့် ငွေကြေးဖောင်းပွမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာခဲ့ပြီး ထိုငွေကြေးဖောင်းပွမှုကို မြင့်မားသော အတိုးနှုန်းများဖြင့် ထိန်းချုပ်ခဲ့ရသည်။ အိမ်ခြံမြေဈေးနှုန်းများမှာ ရှားရှားပါးပါး မြင်တွေ့ရသည့် နှုန်းဖြင့် ကျဆင်းသွားခဲ့သည်။ ၂၀၁၉ နှင့် ၂၀၂၃ ခုနှစ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် ချမ်းသာကြွယ်ဝမှု ပြောင်းလဲမှုမှာ ကြီးကြီးမားမား အံ့သြစရာ မဟုတ်ဟု ဆိုသည်။
စတော့ဈေးကွက်က အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကို သက်သာစေခဲ့သည်။ သို့သော် ဖင်လန်နိုင်ငံသားများက အိမ်ခြံမြေဈေးကွက် ကျဆင်းမှုများကနေ တဖြည်းဖြည်း ကာကွယ်နိုင်လာကြသည်။ ဖင်လန်နိုင်ငံသား (၂၀) သန်းနီးပါးတွင် ရင်းနှီးမြှုပ်နှံမှု အနည်းငယ် အနည်းဆုံး ရှိကြသည်။ ထိုအရေအတွက်မှာတဖြည်းဖြည်း တိုးပွားနေသည်။ လွန်ခဲ့သော (၁၀) နှစ်က ဖင်လန်နိုင်ငံသား (၁.၄) သန်းသာ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ ရှိခဲ့ကြခြင်း ဖြစ်သည်။
အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားပြီး စတော့ဈေးကွက် ရင်းနှီးမြှုပ်နှံမှုများက နောက်ဆုံးတွင် အမြတ်အစွန်း ရရှိခဲ့သည်။ ချမ်းသာကြွယ်ဝမှု အားလုံးကို အိမ်ခြံမြေကဏ္ဍ တစ်ခုတည်းတွင် စုပုံထားခြင်းမှာ မကောင်းသော စွန့်စားရွေးချယ်မှုတစ်ခု ဖြစ်သည်။ လူနေဧရိယာတစ်ခုမှာ အကြောင်းတစ်ခုခုကြောင့် ဈေးကောင်းလာရန် အချိန်ကြာနိုင်သလို ကောင်းမွန်သော ဧရိယာတစ်ခုရှိ တိုက်ခန်းတစ်ခန်းတွင် မှိုတက်ပျက်စီးခြင်း သို့မဟုတ် အခြား ပြဿနာများ ဖြစ်ပေါ်နိုင်ခြေလည်း ရှိသည်။
၂၀၁၉–၂၀၂၃ လေ့လာမှု ကာလအတွင်း အိမ်ခြံမြေဈေးနှုန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၇) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဟယ်ဆင်ကီး စတော့အိတ်ချိန်းရှိ စတော့ရှယ်ယာများမှာ ထိုကာလအတွင်း (၄) ရာခိုင်နှုန်း အမြတ်ရရှိခဲ့သည်။ ထိုအခြေအနေက ငွေကြေးဖောင်းပွမှုကို ကျော်လွန်ပြီး အိမ်ထောင်စုများ၏ စုစုပေါင်း ချမ်းသာမှုအတွက် မတူကွဲပြားမှုကို ဖြစ်စေခဲ့သည်။
သို့သော် ပိုင်ဆိုင်မှုပမာဏ နည်းလေလေ ချမ်းသာကြွယ်ဝမှုကို ကွဲပြားအောင် ပြုလုပ်ရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။ ဖင်လန်နိုင်ငံသားများကို ချမ်းသာကြွယ်ဝမှုအလိုက် (၁၀) ပုံပုံကြည့်လျှင် အချမ်းသာဆုံး (၁၀) ပုံ (၁) ပုံက ဖင်လန်နိုင်ငံ၏ စုစုပေါင်း ချမ်းသာကြွယ်ဝမှု ထက်ဝက်ကျော်ကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ထားသည်။
နှိုင်းယှဥ်ကြည်ပါက အဆင်းရဲဆုံး (၁၀) ပုံ (၅) ပုံ သို့မဟုတ် ဖင်လန်နိုင်ငံသား ၅၀ ရာခိုင်နှုန်းမှာမူ စုစုပေါင်း ချမ်းသာကြွယ်ဝမှု၏ (၄) ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားကြသည်။ ထိုကဲ့သို့ ဆင်းရဲချမ်းသာ ကွာဟမှုမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး အဆင်းရဲဆုံးသူများ၏ ချမ်းသာကြွယ်ဝမှု အခွင့်အရေးများ လျော့နည်းလာကာ အချမ်းသာဆုံးသူများ၏ ချမ်းသာကြွယ်ဝမှု အခွင့်အရေးများ တိုးလာခဲ့သည်။
No comments
Post a Comment