Slider

ဖင်လန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုက စီးပွားရေးပြိုလဲမှုသို့ ဦးတည်နေဟု ဝန်ကြီးဌာန ကျွမ်းကျင်သူ ပြောကြား

 ဖင်လန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် (၉.၅) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး စီးပွားရေးကျဆင်းမှုအပေါ် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။ ဇန်နဝါရီလတွင် အလုပ်လက်မဲ့နှုန်းမှာ ယခင်နှစ်က (၈.၃) ရာခိုင်နှုန်းမှ (၉.၅) ရာခိုင်နှုန်း မြင့်တက်လာခြင်းလည်း ဖြစ်သည်။ ဖင်လန်နိုင်ငံ၏ စာရင်းအင်းဌာန (Statistics Finland) ၏ အဆိုအရ၊ ယခုနှစ် ဇန်နဝါရီလတွင် ယမန်နှစ်ကထက် အလုပ်လက်မဲ့ဦးရေ (၃၈,၀၀၀) ပိုများပြားလာခဲ့သည်။ ထို့ကြောင့် ဇန်နဝါရီလ၏ အလုပ်လက်မဲ့ စုစုပေါင်းဦးရေမှာ (၂၆၉,၀၀၀) ဦးအထိ ရှိလာသည်။

စီးပွားရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာနမှ အရာရှိများက ဇန်နဝါရီလ၏ အလုပ်လက်မဲ့နှုန်းကို အထူးသဖြင့် လွန်ခဲ့သော (၂) နှစ်က ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်မှုအရ စိုးရိမ်မှုဖြင့် ကြည့်ရှုနေခဲ့ကြသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အလုပ်လက်မဲ့ဦးရေက (၆၀,၀၀၀) မှ (၇၀,၀၀၀) အထိ တိုးလာခဲ့ပါတယ်။ ဒါက အလွန် စိုးရိမ်စရာကောင်းတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်" ဟု ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Elina Pylkkänen က ပြောခဲ့သည်။ "အလုပ်လက်မဲ့နှုန်း တိုးလာမှုက ဘယ်ဒေသ၊ ဘယ်ကဏ္ဍ၊ ဘယ်အလုပ်အကိုင်နဲ့ ပညာအဆင့်မှ မလွတ်ကင်းပါဘူး" ဟု သူမက ရှင်းပြခဲ့သည်။

Pylkkänen ၏ အဆိုအရ အလုပ်လက်မဲ့နှုန်းမှာ အခြား စိုးရိမ်စရာများကိုလည်း ညွှန်ပြနေပြီး အတိအကျအားဖြင့် စီးပွားရေးကျဆင်းမှုဟု သူမက ပြောသည်။ ဖင်လန်နိုင်ငံမှာ ရှည်ကြာသော စီးပွားရေးကျဆင်းမှုကနေ စီးပွားရေးပြိုလဲမှုသို့ ရောက်ရှိလာပြီဟု သူမအနေဖြင့် ယူဆကြောင်း Pylkkänen က Yle သတင်းဌာနကို ပြောခဲ့သည်။
စီးပွားရေးကျဆင်းမှုတွင် စီးပွားရေးထုတ်လုပ်မှု ကျဆင်းလာပြီး အလုပ်အကိုင်များ ခန့်အပ်မှု လျော့နည်းကာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာသည်။ သဘောတရားအရ ပြည်တွင်းထုတ်ကုန် (GDP) (၃) လပတ် (၂) ခု ဆက်တိုက် ကျဆင်းမှုကို စီးပွားရေးကျဆင်းမှုအဖြစ် သတ်မှတ်သည်။ စီးပွားရေးကျဆင်းမှုမှာ ရှည်ကြာသော ကျဆင်းမှုဖြစ်နေပြီး ပိုမိုပြင်းထန်သော စီးပွားရေးအခြေအနေကို ထင်ဟပ်နေသည်။
"စီးပွားရေးကျဆင်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အသုံးမပြုရသေးတဲ့ ထုတ်လုပ်မှုစွမ်းအား ပမာဏ ကြီးမားစွာ ပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ကျွန်မတို့မှာ အလုပ်အကိုင်နဲ့ ထုတ်လုပ်မှုစွမ်းအား - စက်ပစ္စည်းနဲ့ ကိရိယာတွေ - ရှိနေပေမဲ့လည်း အသုံးမပြုရသေးပါဘူး။ ကျွန်မ အမြင်အရ ဒီအခြေအနေကို စီးပွားရေးကျဆင်းမှုလို့ ပြောနိုင်ပြီး အလုပ်လက်မဲ့တွေအတွက် ဒီအခြေအနေက နေ့စဉ် လက်တွေ့ဘဝ ဖိစီးမှုတစ်ခု ဖြစ်ပါတယ်" ဟု သူမက ပြောသည်။
သို့သော်၊ အနာဂတ်တွင် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သည်။ ပြီးခဲ့သည့် လအတွင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဖင်လန်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ပြန်လည် တိုးတက်လာမည်ဟု ခန့်မှန်းခဲ့ပြီး (၁.၅) ရာခိုင်နှုန်း တိုးတက်မည်ဟု ဆိုထားသည်။


0

No comments

Post a Comment

blogger