၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဖင်လန်နိုင်ငံ၌ မွေးဖွားမှု အရေအတွက်မှာ သေဆုံးမှု အရေအတွက်ထက် (၁,၄၉၀) ပိုနည်းခဲ့ကြောင်း စာရင်းအင်းဌာန၏ အချက်အလက်များက ဖော်ပြသည်။ သို့သော် ဖင်လန်နိုင်ငံ၏ လူဦးရေမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း (၁,၄၆၁) ဦး တိုးလာခဲ့ကြောင်း သိရသည်။
လူဦးရေ တိုးလာမှု၏ အကြောင်းရင်းမှာ ပြည်ပမှ ရွှေ့ပြောင်းလာမှုများကြောင့် ဖြစ်ပြီး ဖင်လန်သို့ ရွှေ့ပြောင်းလာသူဦးရေမှာ ဖင်လန်ကနေ ရွှေ့ပြောင်းသွားသူဦးရေထက် (၂,၆၅၉) ဦး ပိုများခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်တွင် ဖင်လန်နိုင်ငံ၏ လူဦးရေမှာ (၅,၆၃၈,၆၇၅) ဦး ရှိခဲ့သည်။
No comments
Post a Comment