Turku တက္ကသိုလ်၏ ဝတ်မှုန်ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်းနှင့် Uusimaa ဒေသသို့ ပမာဏအနည်းရှိ Alder ဝတ်မှုန်များ ရောက်ရှိလာခဲ့သည်။
ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အပူနွေးဆုံး စိုက်ပျိုးနယ်မြေများတွင် လာမည့် သီတင်းပတ်အတွင်း Alder ပန်းများ စတင်ဖူးပွင့်မည်ဟု မျှော်လင့်ရသည်။ ထိုအချိန်တွင် ဝတ်မှုန်များသည် တောင်ပိုင်း Lapland အထိ ပျံ့နှံ့ရောက်ရှိသွားနိုင်သည်။
ဇန်နဝါရီလကုန်တွင် ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်းတွင် သစ်ကြားသီးပင်များ စတင်ဖူးပွင့်ခဲ့သော်လည်း ရှားပါးသည်။ လာမည့် ရက်အနည်းငယ်အတွင်း ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်းနှင့် Uusimaa တွင် သစ်ကြားသီးပင်များ ဖူးပွင့်မှု ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားသည်။ ဖင်လန်နိုင်ငံသား တစ်သန်းအထိမှာ ဝတ်မှုန်ကြောင့် ဓာတ်မတည့်မှု ဖြစ်ကြသည်။
ဖင်လန်တွင် ဝတ်မှုန်ရာသီမှာ ပုံမှန်အားဖြင့် (၆) လခန့် ကြာမြင့်လေ့ရှိပြီး ဖေဖော်ဝါရီ-မတ်လမှ စက်တင်ဘာလအထိ ဖြစ်သည်။ ဓာတ်မတည့်မှု ဖြစ်စေသော အပင်များအနက် အဖြစ်များဆုံးဖြစ်သည့် Birch အပင်မှာ ဧပြီလအလယ်တွင် စတင်ဖူးပွင့်လေ့ရှိသည်။
https://yle.fi/a/74-20145317
.png)

No comments
Post a Comment