ဖင်လန်နိုင်ငံတွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကို နှစ်စဉ် အမျိုးသား (၅,၀၀၀) ကျော်တွင် တွေ့ရှိရပြီး ထိုကင်ဆာမှာ အမျိုးသားများ အဖြစ်အများဆုံး ကင်ဆာလည်း ဖြစ်သည်။ ဆီးကျိတ်ဂလင်းသည် ဆီးအိမ်၏ အောက်ခြေတွင် တည်ရှိပြီး သစ်ကြားသီးအရွယ်ခန့် ရှိသည်။ ဆီးကျိတ်ကင်ဆာမှာ များသောအားဖြင့် အသက်ကြီးလာချိန်တွင် ဖြစ်ပွားလေ့ရှိရာ ထိုရောဂါဖြစ်ပွားသူများ သေဆုံးရခြင်း၏ အကြောင်းရင်းမှာ အမြဲတမ်း ဆီးကြိတ်ကင်ဆာကြောင့် မဟုတ်ဟုဆိုသည်။
ဖင်လန်နိုင်ငံတွင် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားသူများ၏ ပျမ်းမျှအသက်မှာ (၇၀) နှစ်ဝန်းကျင် ဖြစ်သည်။ ဆီးကျိတ်ကင်ဆာက အလုပ်လုပ်နိုင်သည့် အရွယ်ရှိသူများကိုပါ ထိခိုက်စေနိုင်သည်။ Aikakone တီးဝိုင်း၏ တည်ထောင်သူ အဖွဲ့ဝင် Maki Kolehmainen မှာ ပြီးခဲ့သည့် ဇွန်လတွင် ဆီးကျိတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ၎င်းမှာ အသက် (၅၈) နှစ်အရွယ် ဖြစ်သည်။
၂၀၂၃ ခုနှစ် နွေဦး၌ Kolehmainen ထံတွင် ကင်ဆာရောဂါ ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်း၏သမီးများက ပြောသည်။ သမီးဖြစ်သူတို့၏ အဆိုအရ ရောဂါလက္ခဏာများမှာ အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီး ရောဂါရှာဖွေတွေ့ရှိချိန်တွင် ကင်ဆာက "ခေါင်းမှ ခြေဖျားအထိ" ပျံ့နှံ့နေပြီ ဖြစ်သည်။ အဆီဓာတ် များစွာ စာသုံးခြင်းနှင့် အဝလွန်ခြင်းတို့က ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။ ထိုသို့ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းမှာ ယောက်ျားဟော်မုန်းများ တိုးလာခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်သောက်သူများတွင် ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေလည်း ပိုများကြောင်း သိရသည်။
ကနဦး ရောဂါလက္ခဏာများ
ဆီးကျိတ်ကင်ဆာ၏ ကနဦး ရောဂါလက္ခဏာများမှာ အများအားဖြင့် ဆီးကျိတ်ကြီးခြင်း (benign prostatic hyperplasia) လက္ခဏာများနှင့် ဆင်တူသည်။ သို့သော် ကင်ဆာလက္ခဏာများသည် ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်လာနိုင်ပြီး ဆီးကျိတ်ကြီးခြင်း၏ လက္ခဏာများမှာမူ များသောအားဖြင့် နှစ်များစွာကြာမှ ဖြစ်ပေါ်လေ့ရှိသည်။
ဆီးကျိတ်ကင်ဆာ၏ ပထမဆုံးလက္ခဏာများမှာ -- ဆီးသွားရာတွင် ဆီးတန်းပါးခြင်း- ဆီးသွားလိုစိတ် ပိုမို များပြားလာခြင်း (အထူးသဖြင့် ညပိုင်းတွင်)- ဆီးလမ်းကြောင်းပိုးဝင်ခြင်း- ဆီးထဲတွင် သွေးပါခြင်း- သုက်ရည်ထဲတွင်လည်း သွေးပါနိုင်- အရိုးနာကျင်ခြင်း သို့မဟုတ် အရိုးကျိုးလွယ်ခြင်းကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်ပါက ၎င်းတို့မှာ ကင်ဆာ ပြန့်ပွားမှု (metastases) ၏ ကနဦး လက္ခဏာများ ဖြစ်နိုင်
ဆရာဝန်ကို ဘယ်အချိန်မှာ ပြသင့်သလဲ?
ဆီးမထိန်းနိုင်ခြင်းနှင့် ပတ်သက်သော လက္ခဏာများ သို့မဟုတ် ဆီးကျိတ်ကြောင့်ဟု ယူဆရသော ဆီးထဲတွင် သွေးပါခြင်းစသည့် လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသင့်သည်။ စမ်းသပ်စစ်ဆေးမှုများတွင် ဆီးကျိတ်ကို စအိုမှတစ်ဆင့် စစ်ဆေးခြင်း၊ ဆီးစစ်ခြင်းနှင့် သွေးစစ်ခြင်းတို့ ပြုလုပ်သည်။ စစ်ဆေးမှုများအရ ဆီးကျိတ်ကင်ဆာဟု သံသယရှိပါကနောက်ထပ် စစ်ဆေးမှုများတွင် အသေးစိတ် အာထရာဆောင်းရိုက်ခြင်းနှင့် ဇီဝစစ်ဆေးမှု (biopsy) ပြုလုပ်သည်။
ကင်ဆာက တစ်နေရာတည်းတွင် ကန့်သတ်ရှိနေပြီး ကင်ဆာတစ်ရှူးများ ကောင်းစွာ ကွဲပြားနေပါက ရောဂါအခြေအနေ ကောင်းမွန်နိုင်သည်။ ထိုကဲ့သို့သော လူနာများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် စောင့်ကြည့်ကုသခြင်းတို့ဖြင့် ရောဂါရှာဖွေတွေ့ရှိပြီးနောက် အနည်းဆုံး (၁၀) နှစ်အထိ အသက်ရှင်နိုင်သည်။
ဆီးကျိတ်ကင်ဆာကို ကာကွယ်၍မရပါ။ သို့သော် အဆီများသော သို့မဟုတ် ကောင်းစွာချက်ထားသော အသားများ စားသုံးမှုများခြင်းနှင့် အဝလွန်ခြင်းတို့က ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုက ရောဂါဖြစ်ပွားနိုင်ခြေအပေါ် မည်သို့ သက်ရောက်ကြောင်း မသေချာသော်လည်း ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေကြောင်း သိရသည်။
No comments
Post a Comment