ဖင်လန်နိုင်ငံတွင် အစိုးရက ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့၏ မှတ်တမ်းများတွင် သိမ်းဆည်းထားသော ဇီဝဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ရည်ရွယ်၍ ဥပဒေကို ပြင်ဆင်ရန် စတင် လုပ်ဆောင်နေသည်။ ဇီဝဆိုင်ရာ အချက်အလက်များကို အထူးသဖြင့် အကြီးမားဆုံး ရာဇဝတ်မှုများကို ကာကွယ်ရန် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပြုခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
ဝန်ကြီးဌာနက ထိုအဆိုပြုချက်နှင့် ပတ်သက်၍ ပြည်သူ့ထင်မြင်ချက် တောင်းခံခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လ (၁၇) ရက်နေ့အထိ ထင်မြင်ချက်များ ပေးပို့နိုင်သည်။ ဇီဝဆိုင်ရာ အချက်အလက်များကို အသက်၊ ကျန်းမာရေး သို့မဟုတ် လွတ်လပ်မှုကို ကာကွယ်ရန်နှင့် အကြီးမားဆုံး ရာဇဝတ်မှုများကို ကာကွယ်ရန်၊ ဖော်ထုတ်ရန်နှင့် စုံစမ်းစစ်ဆေးရန်အတွက် အသုံးပြုနိုင်ရေး စည်းမျဉ်းပြင်ဆင်ရန် ဝန်ကြီးဌာနက အဆိုပြုခဲ့သည်။
ထို့အပြင် တစ်စုံတစ်ဦးကို အခြားသော နည်းလမ်းများဖြင့် ယုံကြည်စိတ်ချစွာ မှတ်တမ်းတင်နိုင်ခြင်း မရှိပါက ရဲတပ်ဖွဲ့ အနေဖြင့် လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ အချက်အလက်ကို အကန့်အသတ်ဖြင့် အသုံးပြု၍ ဖော်ထုတ်နိုင်မည် ဖြစ်သည်။ ဇီဝဆိုင်ရာ အချက်အလက် (Biometric data) မှာ နည်းပညာဖြင့် ရယူထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်ဖြစ်ပြီး မျက်နှာပုံများနှင့် လက်ဗွေရာများကဲ့သို့ အချက်အလက်များဖြင့် လူတစ်ဦးကို မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်သည်။
No comments
Post a Comment