Slider

၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဖင်လန်နိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု (၁၂) ရာခိုင်နှုန်း တိုးလာ

 ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ဖင်လန်နိုင်ငံတွင် တည်ခိုးနေထိုင်ရာ နေရာများ၌ ညအိပ် နေထိုင်င်သူ စုစုပေါင်း (၁.၅၇) သန်းရှိခဲ့ကြောင်း ဖင်လန်နိုင်ငံ စာရင်းအင်းဌာနက ထုတ်ပြန်သည်။ ညအိပ် နေထိုင်ကြသည့် ဖင်လန်နိုင်ငံမှ ပြည်တွင်းခရီးသွားများ အရေအတွက်မှာ (၀.၉၁) သန်း ဖြစ်ပြီး ပြည်ပခရီးသွား (၀.၆၇) သန်း ရှိခဲ့သည်။  

တည်းခိုနေထိုင်ရာ နေရာများတွင် ညအိပ် နေထိုင်ကြသည့် စုစုပေါင်း ခရီးသွား အရေအတွက်မှာ ယခင်နှစ်ထက် (၅) ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဖင်လန်နိုင်ငံမှ ပြည်တွင်းခရီးသွားများ၏ ညအိပ် နေထိုင်မှုမှာ ယခင်နှစ်နှင့် အတူတူပင်ဖြစ်ပြီး ပြည်ပခရီးသွားများ ညအိပ် နေထိုင်မှုမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ယခင်နှစ်ထက် (၁၂) ရာခိုင်နှုန်း တိုးလာခဲ့သည်။ ပြည်ပခရီးသွား အများဆုံးမှာ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံများမှ လာရောက်ခဲ့ကြသည်။
ခရီးသွားများ ညအိပ် နေထိုင်မှုမှာ Uusimaa တွင် အများဆုံးဖြစ်ပြီး (၀.၄၅) သန်း ရှိခဲ့သည်။ Uusimaa တွင် ပြည်တွင်းခရီးသွားများ ညအိပ် နေထိုင်မှု (၆) ရာခိုင်နှုန်း တိုးလာပြီး ပြည်ပခရီသွားများ ညအိပ် နေထိုင်မှုမှာ ယခင်နှစ်ကထက် (၂၅) ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဟိုတယ်အခန်းများတွင် နေထိုင်မှုမှာ (၄၇) ရာခိုင်နှုန်းရှိပြီး ဟိုတယ်အခန်းတစ်ခန်း၏ ပျမ်းမျှဈေးနှုန်းမှာ ယူရို (၁၃၃) ဖြစ်သည်။ ဟိုတယ်အခန်းတစ်ခန်း၏ ပျမ်းမျှဈေးနှုန်း အမြင့်ဆုံးမှာ Lapland တွင် ဖြစ်ခဲ့ပြီး ယူရို (၂၃၅) ဖြစ်သည်။



0

No comments

Post a Comment

blogger