Slider

နွေဦးယဉ်စွန်းချိန် ရောက်ရှိလာမှုနှင့်အတူ ဖင်လန်နိုင်ငံတွင် နေ့တာပိုရှည်လာမည်

 ၂၀၂၅ ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ နွေဦးရာသီ နေ့တာနှင့်ညတာ ညီမျှသောနေ့ ဖြစ်လာပြီး ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် မှောင်မည်းချိန်နှင့် နေ့အလင်းရောင်ချိန်တို့ အကြမ်းဖျင်း တူညီနေကာ (၁၂) နာရီခန့်စီ ရှိလာသည်။ ဖင်လန်နိုင်ငံတွင် စာရင်းဇယားများအရ ထိုကာလအတွင်း ဥတ္တရာအလင်းတန်းများ မြောက်ဘက်အလင်းတန်းများ (သို့မဟုတ် aurora borealis) ကို မြင်တွေ့နိုင်ခြေ ပိုများသည်။

နေ့အလင်းရောင်အချိန်မှာ နွေယဥ်စွန်းချိန်အထိ တိုးလာမည်ဖြစ်ပြီး ထို့နောက်တွင် နေ့အလင်းရောင်အချိန် ပြန်လည် လျော့နည်းသွားမည် ဖြစ်သည်။ ယခုနှစ် နွေယဥ်စွန်းချိန်မှာ ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ထိုနေ့မှာ နွေရာသီ အားလပ်ရက်နှင့် တိုက်ဆိုင်နေသည်။ ဖင်လန်နိုင်ငံတွင် နေ့အလင်းရောင်အချိန်မှာ ထိုနေ့အထိ တစ်နေ့လျှင် (၅) မိနစ်မှ (၁၀) မိနစ်ခန့် တိုးလာမည် ဖြစ်သည်။


0

No comments

Post a Comment

blogger