ဟယ်ဆင်ကီးမြို့တော် ဧရိယာတွင် အခြား ဖင်လန်နိုင်ငံ၏ နေရာများထက် အချိန်ပိုင်းအလုပ် လုပ်ကိုင်သူဦးရေ သိသာစွာ တိုးလာပြီး အလုပ်သမား ထောင်ပေါင်းများစွာအတွက် ငွေရေးကြေးရေး ဖိအား မြင့်တက်လာသည်။ ဟယ်ဆင်ကီမြို့၏ အချက်အလက်များအရ ထိုမြို့ရှိ အလုပ်သမား ငါးဦးလျှင် တစ်ဦးက အချိန်ပိုင်းအလုပ် လုပ်ကိုင်နေကြပြီး အချိန်ပိုင်းအလုပ် အများဆုံးမှာ လက်လီအရောင်းကဏ္ဍတွင် ဖြစ်သည်။
ဟယ်ဆင်ကီးတွင် အချိန်ပိုင်း ဝန်ထမ်းအရေအတွက်မှာ ၂၀၁၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်တွင် (၅၀) ရာခိုင်နှုန်းကျော် သို့မဟုတ် (၂၀,၀၀၀) ခန့် တိုးလာကြောင်း ဖင်လန်နိုင်ငံ စာရင်းအင်းဌာန၏ လုပ်သားအင်အားစု စစ်တမ်းအရ သိရှိရသည်။ ၂၀၂၃ ခုနှစ်၌ ဟယ်ဆင်ကီးတွင် ခန့်မှန်းခြေအားဖြင့် အချိန်ပိုင်း ဝန်ထမ်း (၆၃,၀၀၀) ရှိသည်။
အချိန်ပိုင်းအလုပ်ကို အထူးသဖြင့် အမျိုးသမီးများ၊ လူငယ်များနှင့် ရွှေ့ပြောင်းနေထိုင်သူများက လုပ်ကိုင်ကြလေ့ရှိကြောင်း University of Eastern Filnald မှ လူမှုရေးရာမူဝါဒဌာန၏ ပါမောက္ခဖြစ်သူ Mikko Jakonen ကဆိုသည်။ Uusimaa တွင် လူနေမှုစရိတ်မှာ အခြား နယ်မြေများထက် ပိုမိုမြင့်မားရာ "အလုပ်လုပ်ရင်း ဆင်းရဲနွမ်းပါးမှု" ဟု Jakonen က သုံးနှုန်းခဲ့သည်။
"အချိန်ပိုင်း အလုပ်သမားတွေက အလုပ်လုပ်ရင်း ဆင်းရဲနွမ်းပါးမှုနေကြတာ အများဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အပတ်စဥ် အလုပ်လုပ်ချိန်တွေကနေ သင့်တင့်တဲ့ လူနေမှုဘဝတစ်ခုရဖို့ မလုံလောက်ပါဘူး" ဟု ၎င်းက ပြောသည်။ စာရင်းအင်းဌာန အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အချိန်ပိုင်းအလုပ် လုပ်ကိုင်နေသူ (၄၈၂,၀၀၀) ရှိခဲ့ကြောင်း သိရသည်။
No comments
Post a Comment