Rantasalmi Upper Secondary ကျောင်းတွင် ပထမနှစ် နိုင်ငံတကာ ကျောင်းသူကျောင်းသားများအတွက် ဖင်လန်ဘာသာစကား စာမေးပွဲကို ပြန်လည် ဖြေဆိုနေရသည်။ ထိုကျောင်းရှိ ပထမနှစ် ကျောင်းသူကျောင်းသား ထက်ဝက်မှာ နိုင်ငံခြားမှ Rantasalmi သို့ လာရောက်ကြသူများ ဖြစ်သည်။ ၎င်းတို့မှာ ဗီယက်နမ်၊ မြန်မာ၊ ထိုင်းနှင့် တရုတ်တို့မှ လာရောက်ကြသည်။
ထိုလူငယ်များက ဖင်လန်ဘာသာစကားကို သင်ယူနေကြသည်။ ဥပဒေအရ ဖင်လန်နှင့် ဆွီဒင် ဘာသာစကားဖြင့် သင်ကြားသော Upper Secondary အဆင့် ပညာရေးမှာ နိုင်ငံခြားသား ကျောင်းသူကျောင်းသားများအတွက်လည်း အခမဲ့ ဖြစ်သည်။ ထိုအခွင့်အရေးက နိုင်ငံခြားသား ကျောင်းသူကျောင်းသားများကို Rantasalmi သို့ လာရောက် ပညာသင်ကြားရန် ဆွဲဆောင်ထားသည်။
ဖင်လန်နိုင်ငံရှိ Upper Secondary ကျောင်း (၁၀၀) ကျော်တွင် မြန်မာအပါအဝင် နိုင်ငံခြားသား ကျောင်းသူကျောင်းသားများ တက်ရောက်နေကြသည်။ Upper Secondary ကျောင်းအချို့မှာ နိုင်ငံခြားသား ကျောင်းသူကျောင်းသားများအပေါ် အလွန်အားထားမှီခိုနေရသည်ဟု ဆိုသည်။ နိုင်ငံခြားသား ကျောင်းသူကျောင်းသား အားလုံးမှာ ဖင်လန်ဘာသာစကား B1 level စာမေးပွဲ အောင်မြင်ပြီးသူများ ဖြစ်ကြသည်။
No comments
Post a Comment