Slider

ဖင်လန်နိုင်ငံတွင် စာသင်ကျောင်း အရေအတွက် ဆက်လက် လျော့နည်းလာ

 ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ဖင်လန်နိုင်ငံရှိ စာသင်ကျောင်း အရေအတွက် (၁,၉၄၇) သို့ ဆက်လက် လျော့နည်းသွားကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် စာသင်ကျော်ငး (၂,၀၁၄) ကျောင်းရှိခဲ့ရာမှ လျော့နည်းသွားခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုတွင် စာသင်ကျောင်း (၂,၄၉၈) ကျောင်းရှိခဲ့ရာမှ သိသိသာသာ လျော့နည်းသွားကာ (၁၀) နှစ်အတွင်း (၂၁) ရာခိုင်နှုန်း လျော့နည်းသွားခြင်းလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း စာသင်ကျောင်း (၇၈) ကျောင်းကို ပိတ်သိမ်းခဲ့ သို့မဟုတ် အခြား ကျောင်းများနှင့် ပေါင်းစည်းခဲ့ကြောင်း ဖင်လန်နိုင်ငံ စာရင်းအင်းဌာန၏ အချက်အလက်များအရ သိရသည်။ စာသင်ကျောင်းများ ပိတ်သိမ်းမှုကို Uusimaa နှင့် North Ostrobothnia နယ်မြေတို့တွင် အများဆုံး တွေ့ရသည်။
"ပျမ်းမျှ ကျောင်းသူကျောင်းသား အရေအတွက်အရ Pirkanmaa နဲ့ Uusimaa မှာ အကြီးဆုံး စာသင်ကျောင်းတွေ ရှိပါတယ်။ ကျောင်းတွေ ပေါင်းစည်းလိုက်ပေမဲ့လည်း လူဦးရေ နည်းပါးတဲ့ နယ်မြေတွေမှာတော့ စာသင်ကျောင်းတွေက သေးငယ်ပါတယ်" ဟု ဖင်လန်နိုင်ငံ စာရင်းအင်းဌာနမှ အကြီးတန်း အရာရှိ Mika Witting က ပြောသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စာသင်ကျောင်း အရေအတွက် လျော့နည်းသွားမှု နှိုင်းယှဥ်ချက်အရ South Karelia နယ်မြေတွင် အများဆုံး ဖြစ်ပြီး စာသင်ကျောင်းများ (၃၉) ရာခိုင်နှုန်း ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ စာသင်ကျောင်း အရေအတွက် ဆက်လက် လျော့နည်းသွားသော်လည်း ဖင်လန်နိုင်ငံ၏ ကျောင်းနေအရွယ်ဦးရေမှာ ပြီးခဲ့သည့် ဆယ်စုနှစ်တစ်လျှောက် တိုးလာနေဆဲ ဖြစ်သည်။


0

No comments

Post a Comment

blogger