Slider

ဖင်လန်-ဆွီဒင် ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်တွင် စတင်

 ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့ကြား နယ်စပ်ဒေသတွင် ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် စတင် သက်ရောက်စေမည့် ဒီကရီတစ်ရပ်ကို ဖင်လန်နိုင်ငံ အစိုးရက ထုတ်ပြန်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ပြောသည်။ အဆိုပါ နှစ်နိုင်ငံကြား သဘောတူညီချက်မှာ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စတင် သက်ရောက်ကြောင်း သိရသည်။

ဖင်လန်နှင့် ဆွီဒင်ကြား နယ်စပ်ဒေသတွင် ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်က မြောက်ပိုင်းနယ်စပ် လုံခြုံရေးထိန်းသိမ်းမှုကို ပိုမို တိုးတက်ကောင်းမွန်စေမည် ဖြစ်သည်။ ထိုသဘောတူညီချက်အရ အာဏာပိုင်များ အနေဖြင့် အချို့သော အခြေအနေများတွင် နယ်စပ်ဖြတ်ကျော်၍ ပြစ်မှုကြီးများကို ကာကွယ်ရန် လုပ်ဆောင်နိုင်မည်ဟု သိရသည်။
ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်မှာ ဖင်လန်နိုင်ငံ၏ Enontekiö, Kolari, Muonio, Pello, Tornio နှင့် Ylitornio မြို့များတွင် သက်ရောက်မည် ဖြစ်သည်။ ဆွီဒင်နိုင်ငံတွင် Haparanda, Kiruna, Pajala နှင့် Övertorneå မြို့များ၌ ထိုသဘောတူညီချက် သက်ရောက်မည်ဟု ဆိုသည်။ ဖင်လန်နိုင်ငံ သမ္မတက ထိုသဘောတူညီချက်ကို ၂၀၂၄ ခုနှစ် မေလ (၁၇) ရက်နေ့တွင် အတည်ပြုခဲ့ပြီးနောက် ဖင်လန်နှင့် ဆွီဒင်တို့က အတည်ပြုချက်များကို အပြန်အလှန် လဲလှယ်ခဲ့သည်။ ယခုအခါ ထိုသဘောတူညီချက်ကို အစိုးရ၏ ဒီကရီဖြင့် သက်ရောက်စေခဲ့သည်။
သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ နယ်စပ်ဒေသတွင် ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးကို ပိုမို တိုးတက်ကောင်းမွန်စေရန်နှင့် ပြစ်မှုများကို ကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးရန် ဖြစ်သည်။ သဘောတူညီချက်တွင် တောင်းဆိုချက်အရ သို့မဟုတ် တောင်းဆိုချက်မပါဘဲ လုပ်ဆောင်ရမည့် အရေးပေါ် လုပ်ငန်းများနှင့် ပတ်သက်သည့် သတ်မှတ်ချက်များ ပါဝင်သည်။
လူတစ်ဦး၏ အသက်၊ ကျန်းမာရေး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေနိုင်သည့် ပြစ်မှုကြီးများကို ကာကွယ်ရန် လိုအပ်သည့်အခြေအနေများတွင်သာ အခြားနိုင်ငံ၏ အာဏာပိုင်အဖွဲ့က နယ်စပ်ဖြတ်ကျော်၍ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် ထိုသို့သော ပြစ်မှုကြီးများတွင် မုဒိမ်းမှု၊ ပြင်းထန်သော ရိုက်နှက်မှုနှင့် လူသတ်မှုတို့ ပါဝင်သည်။



0

No comments

Post a Comment

blogger