ဖင်လန်နိုင်ငံသားတို့၏ ပျော်ရွှင်မှုမှာ တိတ်ဆိတ်ငြိမ်သက်နှင့် ငြိမ်းချမ်းမှု ဖြစ်သည်။ ဖင်လန်နိုင်ငံက တစ်နှစ်ပြီးတစ်နှစ် ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးတွင် ရပ်တည်လာခဲ့ရာ ယခုအခါ (၈) နှသ် ဆက်တိုက်ရှိပြီ ဖြစ်သည်။ ထိုသို့ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်ခြင်း၏ အကြောင်းရင်းမှာ ဖင်လန်လူမျိုးတို့က သန့်ရှင်းသောလေ၊ သန့်စင်သည့်ရေနှင့် သစ်တောများအတွင်း လျှောက်လည်ခြင်းကဲ့သို့သော ရိုးရှင်းသည့် ကြည်နူးစရာများကို မွေ့လျော်ကြခြင်း ဖြစ်နိုင်သည်။ ဖင်လန်နိုင်ငံတွင် ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာဖွေနိုင်မည့် အကြောင်းရင်း (၇) ခုကို ဖော်ပြထားပါသည်။
ဘေးကင်းလုံခြုံမှု
ဖင်လန်နိုင်ငံတွင် အကြောင်းကိစ္စများက ကောင်းစွာ လည်ပတ်သည်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများသည် ချောမွေ့စွာလည်ပတ်နေပြီး ရာဇဝတ်မှုနှင့် အဂတိလိုက်စားမှုနှုန်း နည်းပြီး အစိုးရနှင့်ပြည်သူမျာကြားတွင် ယုံကြည်မှုရှိသည်။ ထိုအချက်များ အားလုံးက လူတိုင်းအတွက် စောင့်ရှောက်မှုပေးသည့် လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုကို အတူတကွ ဖန်တီးပေးသည်။ ထိုအခြေအနေက ဖင်လန်ကိုရောက်ရှိလာသည့် ခရီးသွား ဧည့်သည်များအပေါ်တွင်လည်း လွှမ်းခြုံမှရှိပြီး လူတိုင်းကို ကြိုဆိုသည်။ ဖင်လန်သည် ဘေးကင်းလုံခြုံသော ခရီးသွားစရာ နေရာတစ်ခု ဖြစ်သည်။
ဥတ္တရ အလင်းတန်းများ၏ မှော်ဆန်မှုကို မျက်မြင်ခံစားနိုင်ခြင်း
ဖင်လန်နိုင်ငံမှာ အေးပြီး အမှောင်ချိန် ပိုများနိုင်သော်လည်း ကမ္ဘာ့မြောက်ဘက်စွန်းတွင် တည်ရှိသောကြောင့် အကျိုးကျေးဇူးများလည်း ရှိသည်။ Lapland ဒေသတွင် အကြမ်းဖျင်းအားဖြင့် တစ်နှစ်လျှင် ည (၂၀၀) ခန့် သို့မဟုတ် ကောင်းကင်ပြင် ကြည်လင်ရှင်းလင်းသည့် အခြား ညတိုင်းလိုလို ဥတ္တရအလင်းတန်းများကို မြင်တွေ့နိုင်သည်။ ဥတ္တရအလင်းတန်းများ (Aurora BorBBorBoreal) မြင်တွေ့ကြည့်ရှုရခြင်းမှာ မေ့မရနိုင်သော အတွေ့အကြုံဖြစ်ပြီး နောက်ထပ် အကြိမ်များစွာ ကြည့်သော်လည်း အသစ်အဆန်းက မကုန်နိုင်ပေ။ အစိမ်းနှင့် အပြာရောင် အလင်းတန်းများက ကြည်လင်သော ကောင်းကင်တစ်ခွင် လှုပ်ရှားသွားသည့် အခိုက်အတန့်မှာ (၈၂) ကြိမ်မြောက် ကြည့်ရှုမှုဖြစ်သော်လည်း ပထမဆုံးအကြိမ်ကဲ့သို့ပင် စိတ်လှုပ်ရှားဖွယ်ကောင်းနေဆဲ ဖြစ်သည်။
သန်းခေါင်ယံ နေရောင်ခြည်နှင့်အတူ ခွန်အားပြည့် လန်းဆန်းတက်ကြွနေနိုင်ခြင်း
ဖင်လန်နိုင်ငံ၏ နွေလယ်ခေါင်ကာလတွင် နေဝင်ချိန်မရှိသလောက်ဖြစ်ပြီး ညဘက်၌ပင် နေ့အလင်းရောင်ကို ခံစားနိုင်ကာ လန်းဆန်းတက်ကြွနေနိုင်သည်။ ဖင်လန် တောင်ပိုင်းဒေသများတွင် နေဝင်ချိန်မှာ ခဏမျှသာဖြစ်ပြီး နေပြန်ထွက်လာတတ်သည်။ Lapland ဒေသရှိ အာတိတ်စက်ဝိုင်းအတွင်းတွင် နေမင်းသည် မိုးကုပ်စက်ဝိုင်းအထက်တွင် (၂) လကြာ ရှိနေတတ်သည်။ မြောက်ဘက်က်သို့ ပိုမိုသွားလေ နေရောင်ခြည်တောက်ပမှုကို ပိုမြင်တွေ့နိုင်လေ ဖြစ်သည်။ ထိုကာလအတွင်းတွင် လူတိုင်းမှာ ခွန်အားအပြည့်ဖြင့် လန်းဆန်းတက်ကြွနေကြသည်။
Sauna ထဲတွင် အပျက်သဘော ရှုမြင်စိတ်ကို ချွေးအဖြစ် စွန်ထုတ်နိုင်ခြင်း
လူဦးရေ (၅) သန်းကျော်သာရှိသည့် ဖင်လန်နိုင်ငံတွင် sauna အခန်းနေရာ (၃) သန်းကျော် ရှိသည်။ ထိုမျှ များပြားလှသော saana အရေအတွက်မှာ ဖင်လန်နိုင်ငံ၏ sauna ယဉ်ကျေးမှု၏ ရလဒ်ဖြစ်သည်။ ဓလေ့ထုံးတမ်းနှင့် ကျန်းမာရေးတန်ဖိုးကို အလေးပေး ဖော်ညွှန်းမှုအဖြစ် sauna က UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်ခဲ့သည်။ ဖင်လန်ယဉ်ကျေးနှင့် ပျော်ရွှင်မှုကို နားလည်လိုပါက sauna ကနေ စတင်နိုင်သည်။ ဖင်လန်လူမျိုး အများအပြားအတွက် sauna မှာ ရေကန်ဘေးတွင် အချိန်ကုန်ဆုံးခြင်းနှင့ ဆက်နွယ်နေသည်။ နိုင်ငံတစ်ဝန်းတွင် ရေကန်ပေါင်း (၁၈၈,၀၀၀) နှင့် sauna (၃) သန်းတို့က လူတိုင်းအတွက်
အပျက်သဘော ရှုမြင်စိတ်ကို ချွေးအဖြစ် စွန်ထုတ်နိုင်သော နေရာများပင် ဖြစ်သည်။
သဘာဝ အစားအစာများကို ရှာဖွေမြည်းစမ်းနိုင်ခြင်း
ဖင်လန်နိုင်ငံတွင် မည်သူမဆို ဘယ်ရီသီးခူးခြင်း သို့မဟုတ် မှိုပွင့်ကောက်ခြင်းနှင့် ရိုးရိုးငါးမျှားတံဖြင့် ငါးဖမ်းခြင်းတို့ လုပ်နိုင်သည်။ ၎င်းမှာ လူတိုင်း၏ အခွင့်အရေး "The Everyman’s Rights" ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူတိုင်းသည် တာဝန်ယူမှုရှိစွာဖြင့် သဘာဝကို ခံစားနိုင်ကြောင်း ညွှန်းဆိုထားသည်။ ကမ္ဘာ့အသန့်ရှင်းဆုံး လေထုရှိသောကြောင့် ဖင်လန်၏ သဘာဝ အစားအစာများမှာ လတ်ဆတ်ပြီး အရသာရှိသည်။ Porcini မှို သို့မဟုတ် Cloud Berry များကဲ့သို့သော ထူးကဲသော အစားအစာများကို တောထဲတွင် တွေ့ရှိခြင်းက ပျော်ရွှင်စရာ အခိုက်အတန့်တစ်ခုဖြစ်ပြီး ညစာကို ပို၍ အရသာကောင်းစေသည်။
သဘာဝတရားနှင့် လွယ်ကူစွာထိတွေ့နိုင်ခြင်း
ဖင်လန်နိုင်ငံတွင် သစ်တောများက လူတိုင်းနှင့် အမြဲတမ်း နီးကပ်စွာရှိပြီး လွယ်ကူစွာသွားရောက်နိုင်သည်။ ဟယ်ဆင်ကီးမြို့လယ်မှ မိနစ် (၃၀) အတွင်း အမျိုးသားဥယျာဉ်တစ်ခုသို့ ရောက်ရှိနိုင်ပြီး (၁၅) မိနစ် အတွင်း အနီးအနားရှိ ကျွန်းတစ်ကျွန်းသို့ သွားရောက်နိုင်သည်။ ဖင်လန်နိုင်ငံတွင် ခြေလျင် အပျော်ခရီးထွက် လမ်းကြောင်းများ၊ သဘာဝလမ်းများနှင့် ကြယ်တာရာများအောက်တွင် တစ်ညတာ ကုန်ဆုံးနိုင်သော စခန်းချ မီးပုံပွဲ ပြုလုပ်နိုင်သည့် နေရာများဖြင့် ပြည့်နှက်နေသော အမျိုးသားဥယျာဉ် (၄၀) ကျော်ရှိသည်။ ဖင်လန်နိုင်ငံ၏ သစ်တောများ အားလုံးမှာ အရွယ်အစားနှင့် ပုံစံအမျိုးမျိုးရှိသည်။ တောင်ပိုင်းသစ်တောများမှ မြောက်ပိုင်း အာတိတ်အထိ ရင်သပ်ရှုမောဖွယ် နေရာများက စုံလင်မှုနှင့် ကွဲပြားမှုတို့နှင်အတူ လှပစွာ တည်ရှိနေသည်။
ဒေသခံများနှင့် စကားပြောနိုင်ဖို့
ဖင်လန်လူမျိုးများက ရှက်တတ်သည်ဆိုသော သမားရိုးကျ အမြင်ရှိသော်လည်း အမတစ်ကယ်တမ်းတွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတတ်သည်။ စကားပြောကောင်းခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ နွေးထွေးစွာ ဆက်ဆံတတ်ခြင်းတို့မှာ ဖင်လန်လူမျိုးများ၏ အစစ်စရိုက်လက္ခဏာ အစစ်အမှန်များ ဖြစ်ပြီး ထိုစရိုက်လက္ခဏာများက ၎င်းတို့ကို ပျော်ရွှင်သော နိုင်ငံသားများ ဖြစ်စေသည်။
ဖင်လန်နိုင်ငံကို သွားရောက်လည်ပတ်သည့်အခါ ဒေသခံများက ဖင်လန်ကို ကောင်းမွန်သော နိုင်ငံဖြစ်စေသည့် အရာများကို မိတ်ဆက်ပေးရန်၊ ၎င်းတို့၏ ဇာတ်လမ်းများကို မျှဝေရန် စိတ်လှုပ်ရှားနေသည် တွေ့ရလိမ့်မည်။
https://www.visitfinland.com/en/articles/7-reasons-why-you-can-find-happiness-in-finland/
No comments
Post a Comment