Slider

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ပတ်စ်ပို့၊ မှတ်ပုံတင်ကတ်နှင့် နေထိုင်ခွင့်ပြုမှုကတ်များအတွက် အခကြေးငွေ တိုးမြှင့်

ဖင်လန်နိုင်ငံ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာန (Migri) တို့က ၂၀၂၅ ခုနှစ် အစောပိုင်းမှစ၍ ပတ်စ်ပို့၊ မှတ်ပုံတင်ကတ်နှင့် နေထိုင်ခွင့်ပြုမှု ကတ်များအတွက် အခကြေးငွေများကို တိုးမြှင့်ထားသည်။ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုကိစ္စနှင့် ပတ်သက်၍ ဒီကရီများ သီးခြားစီ ထုတ်ပြန်ခဲ့သည်။
အွန်လိုင်းမှတစ်ဆင့် လျှောက်ထားသော ပတ်စ်ပို့စာအုပ်အတွက် ဈေးနှုန်းမှာ ယူရို (၅၃) ယူရို ဖြစ်လာပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားသော ပတ်စ်ပို့စာအုပ် ဈေးနှုန်းမှာ (၅၇) ယူရို ဖြစ်လာသည်။ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားသော ပတ်စ်ပို့စာအုပ်မှာ (၉) ယူရို မြင့်တက်လာပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားသော ပတ်စ်ပို့စာအုပ်အတွက် ဈေးနှုန်းမှာ (၇) ယူရို မြင့်တက်လာခြင်း ဖြစ်သည်။
ထို့အတူ လူကိုယ်တိုင် လာရောက်လျှောက်ထားသော မှတ်ပုံတင်ကတ်အတွက် ယခင်က (၅၈) ယူရို ပေးဆောင်ရပြီး ယခုအခါ (၆၇) ယူရို ပေးဆောင်ရမည်ဟု ဆိုသည်။ အွန်လိုင်းမှတစ်ဆင့် မှတ်ပုံကတ် လျှောက်ထားရာတွင် ယခင်က (၅၂) ယူရို မှ ယခုအခါ (၆၃) ယူရို ပေးဆောင်ရမည် ဖြစ်သည်။ ရဲတပ်ဖွဲ့က ပေးအပ်သော ဝန်ဆောင်မှုများအတွက် အခကြေးငွေ ကောက်ခံမှုဆိုင်ရာ ဒီကရီမှာ ၂၀၂၅ခုနှစ် ဇွန်လ (၃၀) ရက်နေ့အထိ အသက်ဝင်နေမည်ဟု သိရသည်။
သေနတ်လိုင်စင်များ၊ လုံခြုံရေးကဏ္ဍ လိုင်စင်များနှင့် ရဲတပ်ဖွဲ့က ထုတ်ပေးသော အခြားလိုင်စင်နှင့် ခွင့်ပြုချက်များအတွက် အခကြေးငွေများကိုလည်း တိုးမြှင့်သွားမည် ဖြစ်သည်။ သေနတ်လိုင်စင်အတွက် (၁၂၆) ယူရို ဖြစ်လာသည်။ သေနတ်နှင့် ပတ်သက်သော အခကြေငွေးများကို အဓိကအားဖြင့် (၁၂) မှ (၁၄) ရာခိုင်နှုန်း တိုးမြှင့်လိုက်သည်။ ထို့အတူ လုံခြုံရေးကဏ္ဍ လိုင်စင်များအတွက် အခကြေးငွေကိုလည်း အပြောင်းအလဲ ပြုလုပ်သွားမည် ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၂၅ ခုနှစ်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦးအဖြစ် အသိအမှတ်ပြုမှုအတွက် ယူရို (၇၀) ကုန်ကျမည်ဟု ဆိုသည်။
ထိုအတောအတွင်း လူဝင်မှုကြီးကြပ်ရေးဌာနက နေထိုင်ခွင့်ပြုမှု လက်မှတ်အမျိုးအစား အမျိုးမျိုးအတွက် အခကြေးငွေများကို ၂၀၂၅ ခုနှစ်စောပိုင်းမှ၍ တိုးမြှင့်သတ်မှတ်မည် ဖြစ်သည်။ နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှုအတွက် လျှောက်ထားမှုမှာ အခမဲ့ ဖြစ်သော်လည်း ယာယီ ကာကွယ်စောင့်ရှောက်မှု ရရှိသူများအတွက် နေထိုင်ခွင့်ပြမှု ကတ်များ သက်တမ်းတိုးရာတွင် အခကြေးငွေ ကုန်ကျမည်။ ထိုလုပ်ငန်းစဥ် အခကြေးငွေမှာ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားမှုအတွက် (၂၀) ယူရိုနှင့် လူကိုယ်တိုင် လာရောက်လျှောက်ထားမှုအတွက် (၄၀) ယူရို ဖြစ်သည်။


0

No comments

Post a Comment

blogger