ဖင်လန်နိုင်ငံ စာရင်းအင်းဌာန၏ အဆိုအရ ရွှေ့ပြောင်းနေထိုင်မှုများက နိုင်ငံ၏ လူဦးရေတိုးတက်မှုကို ဆက်လက် ထိန်းထားကြောင်း သိရသည်။ ဌာန၏ ပဏမ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဖင်လန်နိုင်ငံ၏ လူဦးရေမှာ (၃၂,၇၀၀) ခန့် တိုးလာခဲ့သည်။ ဖင်လန်နိုင်ငံ၏ လူဦးရေမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်တွင် (၅,၆၃၇,၀၀၀) ခန့် ဖြစ်သည်။
ည်။
ပြည်ပမှ ရွှေ့ပြောင်းလာသူ အရေအတွက်မှာ ပြည်ပသို့ ရွှေ့ပြောင်းသွားသူများထက် (၄၅,၀၀၀) ခန့် ပိုများသည်။ မွေးဖွားမှု အရေအတွက်မှာမူ သေဆုံးမှု အရေအတွက်ထက် (၁၃,၀၀၀) ခန့် နည်းပါးသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်းနှင့် နှိုင်းယှဥ်ပါက ပြည်ပမှ ရွှေ့ပြောင်းလာသူ ခန့်မှန်းခြေ (၉,၈၀၀) လျော့နည်းပြီး ပြည်ပသို့ ရွှေ့ပြောင်းသွားသူ အရေအတွက် (၆၀၀) ခန့် လျော့နည်းသွားခဲ့ကြောင်း သိရသည်။
No comments
Post a Comment