ဖင်လန်နိုင်ငံ၏ စာရင်းအင်းဌာန (Statistics Finland) ၏ ကိန်းဂဏန်းများအရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နွေဦးရာတွင် အထက်တန်းကျောင်းပြီးသူများအနက် တက္ကသိုလ်ဆက်တက်နိုင်သူ နည်းပါးခဲ့ကြောင်း သိရသည်။ အထက်တန်းကျောင်းပြီးသူ (၆၅) ရာခိုင်နှုန်းက တက္ကသိုလ်တက်ရောက်ခဲ့ခြင်းမရှိဟု ဆိုသည်။
၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အထက်တန်းပြီး၍ တက္ကသိုလ်ဆက်မတက်သူမှာ အမျိုးသမီးများတွင် (၁) ရာခိုင်နှုန်းနှင့် အမျိုးသားများတွင် (၂) ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။ အထက်တန်းကျောင်းပြီးသူ အများစုဖြစ်သည့် (၈၀) ရာခိုင်နှုန်းနီးပါးက နောက်ထပ် ပညာသင်ယူရန် လျှောက်ထားခဲ့ကြသော်လည်း (၃၅) ရာခိုင်နှုန်းခန့်ကသာ အဆင့်မြင့်ပညာ ဆက်လက် သင်ယူနိုင်ခဲ့သည်။
ထိုအုပ်စုအနက် (၂၁) ရာခိုင်နှုန်းမှာ တက္ကသိုလ်များသို့ တက်ရောက်နိုင်ခဲ့ပြီး (၁၂) ရာခိုင်နှုန်းက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်ရောက်နိုင်ခဲ့ကာ (၁.၅) ရာခိုင်နှုန်းမှာ သက်မွေးပညာသင်ကျောင်းများတွင် တက်ရောက်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှစ၍ ဖင်လန်နိုင်ငံရှိ လူငယ်များ၏ ပညာရေးအဆင့်အတန်းမှာ စက်မှုထွန်းကားသည့် နိုင်ငံများကြား ထိပ်တန်းအဆင့်မှ အလယ်အလတ်သို့ ကျဆင်းလာခဲ့သည်။
No comments
Post a Comment