Slider

မိသားစုခွင့်ရက် ပြုပြင်ပြောင်းလဲမှုက ဖခင်များအတွက် ကလေးကို အိမ်တွင် အချိန်ကြာရှည် စောင့်ရှောက်နိုင်ရန် အကူအညီဖြစ်စေ

 မိသားစုခွင့်ရက် ပြုပြင်ပြောင်းလဲမှုမှာ မျှော်မှန်းထားသည့် ရလဒ်များကို ဖြစ်ထွန်းစေခဲ့ပြီး ထိုပြုပြင်ပြောင်းလဲမှု နောက်ပိုင်းတွင် ဖခင်များက ယူသော မိဘခွင့်ရက် အရေအတွက် နှစ်ဆနီးပါး တိုးလာခဲ့ကြောင်း အမျိုးသားလူမှုဖူလုံရေး အာမခံအဖွဲ့အစည်း Kela က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြောခဲ့သည်။

နှစ်နှစ်ကြာ အကူးအပြောင်း ကာလအတွင်း Kela က တွေ့ရှိချက်အရ မိသားစုခွင့်ရက် ပြုပြင်ပြောင်းလဲမှု နောက်ပိုင်းတွင် မိဘများက ယခင်ကထက် မိဘခွင့်ရက်များ ပိုမို ရရှိနိုင်ကြောင်း သိရသည်။ စည်းမျဥ်းသစ်များအရ မိဘနှစ်ဦးစလုံး မိဘခွင့်ရက် (၁၆၀) ရှိပြီး ထိုရက်များအနက်မှ (၆၃) ရက်ကို အခြား မိဘတစ်ဦးကို လွှဲပြောင်းပေးနိုင်သည်။ ကျန်ရှိသော (၉၇) ရက်မှာ မိဘတစ်ဦးချင်းစီအတွက် ကျန်ရှိပြီး ထိုရက်များကိုမူ အခြား မိဘတစ်ဦးကို လွှဲပြောင်းခွင့်မပြုဟု ဆိုသည်။
မိဘခွင့်ရက်များကို ကလေးအသက် (၂) နှစ်အထိ အသုံးပြုနိုင်သည်။ ယခု ပြုပြင်ပြောင်းလဲမှုမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့တွင် စတင် သက်ရောက်ခဲ့ခြင်း ဖြစ်သည်။ Kela ၏ စာရင်းများအရ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့ သိုမဟုတ် ထိုရက်နောက်ပိုင်းတွင် မွေးဖွားခဲ့သော ကလေးများ၏ ဖခင်များက ပျမ်းမျှ မိဘခွင့်ရက် (၇၈) ရက် ယူခဲ့ကြကြောင်း သိရသည်။
စည်းမျဥ်းအဟောင်းများ အသက်ဝင်နေသေးသည့် ၂၀၂၁ ခုနှစ်တွင် မွေးဖွားခဲ့သော ကလေးများ၏ ဖခင်များမှာ ပျမ်းမျှ မိဘခွင့်ရက် (၄၄) ရက် ယူခဲ့ကြပြီး ၂၀၂၀ ခုနှစ်တွင် မွေးဖွားခဲ့သော ကလေးများ၏ ဖခင်များမှာ မိဘခွင့်ရက် (၄၁) ရက် ရခဲ့သည်။ ပြုပြင်ပြောင်းလဲမှု နောက်ပိုင်း မိသားစုများက ယခင်ကထက် မိဘခွင့်ရက် လျှောက်ထားမှု ပိုများလာခဲ့သည်။


0

No comments

Post a Comment

blogger