Slider

ဖင်လန်နိုင်ငံရှိ နိုင်ငံခြားဘာသာစကားပြောသူ အများစုက မြို့တော်ဧရိယာတွင် နေထိုင်ရန် ပိုမိုနှစ်သက်ကြ

 လေ့လာမှုတစ်ခုအရ ဖင်လန်နိုင်ငံတွင် နေထိုင်ကြသော နိုင်ငံခြားဘာသာစကားပြောသူ (ဖင်လန်၊ ဆွီဒင် သို့မဟုတ် ဆာမီ ဘာသာစကား မဟုတ်သော မိခင်ဘာသာစကား ပြောသူများ) (၅၀၀,၀၀၀) ခန့်ရှိပြီး ၎င်းတို့အနက် အများစုက ဟယ်ဆင်ကီးမြို့ပြဧရိယာ (ဟယ်ဆင်ကီး၊ Espoo ၊ Vantaa နှင့် Kauniainen) တွင် နေထိုင်လိုကြသည်ဟု သိရသည်။

အဆိုပါ နိုင်ငံခြားဘာသာစကားပြောသူများအနက် (၈၅) ရာခိုင်နှုန်းမှာ ဟယ်ဆင်ကီးတွင် လက်ရှိ နေထိုင်နေကြပြီး ၎င်းတို့က အနာဂတ်တွင် ဟယ်ဆင်ကီး သို့မဟုတ် အနီးအနား နေရာများတွင် ဆက်လက် နေထိုင်ရန် မျှော်လင့်ထားကြောင်း OP Financial Group က ကြီးကြပ်ပြီး စီးပွားရေးဆိုင်ရာ ကုမ္ပဏီ Taloustutkimus က ပြုလုပ်ခဲ့သည့် စစ်တမ်းက ဖော်ပြသည်။
"ဟယ်ဆင်ကီးမြို့က ဖင်လန်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားဘာသာစကားပြောသူတွေ အကြိုက်ဆုံးမြို့ဖြစ်ပြီး (၃၄) ရာခိုင်နှုန်းအထိက ဒီမြို့မှာ နေထိုင်ချင်တယ်လို့ ပြောခဲ့ကြတယ်။ နိုင်ငံခြားဘာသာစကားပြောသူတွေ နေထိုင်ချင်ကြတဲ့ တခြားနေရာတွေကလည်း မြို့ကြီးများမှာ ဖြစ်ပါတယ်။ နိုင်ငံခြားဘာသာစကားပြောသူ အများစုက မြို့ဆင်ခြေဖုံး နေရာတွေမှာ နေထိုင်ချင်ကြပါတယ်" ဟု OP Uusimaa ၏ ပုဂ္ဂလိကဖောက်သည်များဆိုင်ရာ ငွေကြေးပံ့ပိုးရေး အကြီးတန်း ဒုဥက္ကဋ္ဌ Riikka Kangas က ဆိုသည်။
နိုင်ငံခြားဘာသာစကားပြောသူ ထက်ဝက်ခန့်က မြို့တစ်မြို့၏ ဆင်ခြေဖုံးနေရာများတွင် နေထိုင်လိုကြောင်း ပြောသည်။ ၎င်းတို့အနက် (၃၄) ရာခိုင်နှုန်းကမူ မြို့လယ်ခေါင် နေရာများတွင် နေထိုင်လိုကြောင်း ဖြေကြားခဲ့ကြသည်။


0

No comments

Post a Comment

blogger