Slider

ဖင်လန်နိုင်ငံ၏ ပျမ်းမျှဝင်ငွေ ယူရို (၃,၅၀၀) အထက်သို့ အနည်းငယ် တိုးလာ

 ၂၀၂၄ ခုနှစ်တွင် အချိန်ပြည့် လုပ်သားများ၏ ပျမ်းမျှဝင်ငွေ (median gross income) မှာ တစ်လလျှင် (၃,၅၆၄) ယူရို ဖြစ်ကြောင်း ဖင်လန်နိုင်ငံ စာရင်းအင်းဌာန (Statistics Finland) ၏ အချက်အလက်များက ဆိုသည်။ ပျမ်းမျှ ကိန်းဂဏန်းမှာ စာရင်းတစ်ခုတွင် အလယ်နေရာရှိ ကိန်းဂဏန်းကို ရည်ညွှန်းပြီး ဝင်ငွေရနေသူများ၏ တစ်ဝက်က ပျမ်းမျှဝင်ငွေထက် ပိုမိုရရှိပြီး ကျန်တစ်ဝက်မှာ ပျမ်းမျှဝင်ငွေထက် လျော့နည်းရရှိသည်။

စာရင်းများအရ အမြင့်ဆုံး ဝင်ငွေရရှိသူ အလုပ်သမား (၁၀) ရာခိုင်နှုန်းက တစ်လလျှင် အနည်းဆုံး (၅,၉၇၂) ယူရို ရရှိခဲ့သည်။ အမျိုးသမီးများတွင် အမြင့်ဆုံးဝင်ငွေရရှိသူ (၁၀) ရာခိုင်နှုန်းက တစ်လလျှင် (၅,၂၂၀) ယူရို သို့မဟုတ် ထို့ထက်ပိုမို ရရှိသူများဖြစ်ပြီး အမျိုးသားများတွင် အမြင့်ဆုံး ဝင်ငွေရရှိသူ (၁၀) ရာခိုင်နှုန်းက တစ်လလျှင် (၆,၅၈၆) ယူရိုထက် ပိုမိုရရှိသူများ ဖြစ်သည်။ တစ်လလျှင် (၂,၄၈၃) ယူရိုထက် လျော့နည်း ရရှိသူများမှာ ဝင်ငွေအနိမ့်ဆုံး (၁၀) ရာခိုင်နှုန်းတွင် ပါဝင်သည်။


0

No comments

Post a Comment

blogger