ဖင်လန်နိုင်ငံတွင် ရဲတပ်ဖွဲ့က ယာဉ်များအတွင်း ကလေးထိုင်ခုံ အသုံးပြုမှုကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စောင်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ ဖင်လန်နိုင်ငံ ယာဉ်အန္တရာယ်ကင်းရှင်းရေး ကောင်စီက ရဲတပ်ဖွဲ့၏ ခါးပတ်နှင့် ကလေးလုံခြုံရေး ထိုင်ခုံများ အသုံးပြုမှုကို စောင့်ကြည့်စစ်ဆေးသည့် လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ငန်းစဉ်ကို စက်တင်ဘာလ (၂၀) ရက်နေ့အထိ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိဘများ၏ ထင်မြင်ယူဆချက်များနှင့် မသက်ဆိုင်ဘဲ ခရီးတိုများ၌ပင် ကလေးများအတွက် ကားဖြင့် ခရီးသွားလာရာတွင် ကလေးထိုင်ခုံကို အသုံးပြုရမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ကားအတွင်း ကလေးများအတွက် အန္တရာယ်အကင်းဆုံး နေရာမှာ ခရီးတိုများ၌ပင် နောက်ခုံရှိ ကလေးထိုင် ဖြစ်သည်။ဖင်လန်နိုင်ငံ ယာဉ်အန္တရာယ်ကင်းရှင်းရေး ကောင်စီ၏ စစ်တမ်းကောက်ယူမှုတွင် ပါဝင်ဖြေဆိုသူများ၏ (၉) ရာခိုင်နှုန်းခန့်က ခရီးတိုများ သွားလာရာတွင် ကလေးငယ်များအတွက် ကလေးထိုင်ခုံကို အသုံးမပြုခြင်းက စိတ်ချရသည်ဟု ယူဆကြကြောင်း ဖော်ပြထားသည်။
မိဘများမှာ ၎င်းတို့၏ ကလေးငယ်များ ဘေးကင်းလုံခြုံမှုအတွက် တာဝန်ရှိသည်။ ကလေး၏ အရပ် (၁၅၀) စင်တာမီတာ ရှိလာချိန်အထိ ကားဖြင့် ခရီးသွားရာတွင် ၎င်းအတွက် ကလေးထိုင်ခုံ အသုံးပြုရန် ဖြစ်သည်။ ကလေးငယ်များအား အနည်းဆုံး (၄) နှစ်အရွယ်အထိ ခရီးသွားရာဘက်သို့ ကျောပေးထားသည့် လုံခြုံရေးထိုင်ခုံတွင် ထိုင်စေရန် ယာဉ်အန္တရာယ်ကင်းရှင်းရေး ကောင်စီက အကြံပြုထားသည်။
No comments
Post a Comment