Ragweed ဝတ်မှုန်များ ပျံ့နှံ့ရောက်ရှိသည့် ဧရိယာမှာ ဖင်လန်တောင်းပိုင်းမှ Lapland တောင်ပိုင်း၏ ကုန်းမြင့်ဒေသများအထိ ဖြစ်သည်။ ဇူလိုင်လနှင့် ဩဂုတ်လ အစောပိုင်း ရာသီဥတုက ragweed အပင်၏ ဝတ်မှုန်ရာသီ မည်သို့ ဖြစ်လာမည်ကို ကြီးမားသော သက်ရောက်မှုရှိသည်။ "မိုးအလွန်များပြီး အေးနေရင် ဝတ်မှုန်ပမာဏ မြင့်တက်လာမှာ မဟုတ်ဘူး။ နေသာတဲ့ သောရာသီဥတုမှာဆို ဝတ်မှုန်ပမာဏ စပြီး မြင့်တက်လာပါလိမ့်မယ်" ဟု Turku တက္ကသိုလ်၏ ဝတ်မှုန် သတင်းအချက်အလက်ဌာနမှ ပရောဂျက် သုတေသီ Sanna Pätsi က ရှင်းပြသည်။
အပူချိန်မြင့်တက်လာပြီး ကာလရှည်ကြာစွာ မိုးရွာသွန်းခြင်း မရှိပါက ragweed (Pujo) အပင်များ ခြောက်သွေ့ကာ ပန်းပွင့်နိုင်မည် မဟုတ်ဟု ဆိုသည်။ လာမည့် ရက်အနည်းငယ်အတွင်း ဖင်လန်နိုင်ငံတွင် မတည်ငြိမ်သော ရာသီဥတုများ ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းထားသည်။ မိုးရွာသွန်းမှုကြောင့် လေထုအတွင်း ဝတ်မှုန်များ ကင်းရှင်းသွားမည် ဖြစ်သည်။
Ragweed အပြင် အလယ်အလတ်မှ မြင့်မားသည့် ဝတ်မှုန်ပမာဏ ထုတ်လုပ်သည့် မြက်ပင်များကလည်း ဓာတ်မတည့်သူများကို ဒုက္ခပေးနေသည်။ Lapland ဒေသတွင် လေထုအတွင်းရှိ ဝတ်မှုန်ပမာဏမှာ အများအားဖြင့် နည်းပါးလေ့ရှိသည်။ ဖင်လန်နိုင်ငံတွင် ဓာတ်မတည့်မှု ဖြစ်စေသော ဝတ်မှုန်များ ထုတ်လုပ်သည့် မြက်မျိုးစိတ်များ ဒါဇင်နှင့်ချီ ရှိနေပြီး ထိုမြက်ပင်များ၏ ပန်းပွင့်ရာသီမှာ နွေဦးရာသီ အစောပိုင်းမှ ဆောင်းဦးအထိ ကြာမြင့်သည်။ ဝတ်မှုန်များအပြင် လက်ရှိအချိန်၌ လေထုထဲရှိ မှိုများကြောင့်လည်း အချို့လူများ ဓာတ်မတည့်မှု လက္ခဏာ ခံစားနေရသည်။
နွေရာသီအကုန်ပိုင်းတွင် အချို့လူများမှာ ragweed နှင့်ဆက်စပ်သော ဓာတ်မတည့်မှု လက္ခဏာများ ဆက်လက် ခံစားရနိုင်သည်။ ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်စေသည့် ragweed အပင်များမှာ ဖင်လန်နိုင်ငံတွင် မပေါက်ရောက်သော်လည်း ဗဟိုဥရောပဒေသမှ လေစီးကြောင်းများက ထို regweed အပင်များ၏ ဝတ်မှုန်များကို သယ်ဆောင်လာတတ်ကြောင်း သိရသည်။
https://yle.fi/a/74-20098027
.png)
.png)

No comments
Post a Comment