လူတစ်ဦးတစ်ယောက် အနေဖြင့် အခြားနိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်သည့်အခါ ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာ များစွာရှိသည်။ သို့သော် အရေးအကြီးဆုံး အချက်များထဲမှ တစ်ခုမှာ ထိုနိုင်ငံသို့ရောက်ရှိပြီးနောက် အလုပ်တစ်ခု ရှာဖွေရန် ဖြစ်သည်။ ဖင်လန်နိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ရန် အလွယ်ကူဆုံး နိုင်ငံမဟုတ်ပေ။
ထိုသို့ ဖြစ်ရခြင်းမှာ ရာသီဥတုကြောင့်သာမက ဖင်လန်ဘာသာစကားက ကမ္ဘာပေါ်ရှိ အခြား ဘာသာစကားများနှင့် လုံးဝမတူသောကြောင့်လည်း ဖြစ်သည်။ ထိုဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရန် ကြာမြင့်စွာ လေ့လာရသည်။ အလုပ်ခွင်မှလွဲ၍ အခြားသော အခြေအနေများတွင် ဖင်လန်လူမျိုးအများစုသည် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောကြောင့် ဘာသာစကားကစ္စမှာ ပြဿနာမဟုတ်ဟု ဆိုနိုင်သည်။
သို့သော် အလုပ်ရှာဖွေနေသော နိုင်ငံခြားသားတစ်ဦးအတွက်မူ အထူးသဖြင့် အစောပိုင်းကာလများတွင် ဘာသာစကားက ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။ သို့သော် အင်္ဂလိပ်စကားသာ ပြောတတ်သော သို့မဟုတ် ဖင်လန်ဘာသာစကား မကျွမ်းကျင်သေးသော နိုင်ငံခြားသားများကို အလုပ်ခန့်အပ်သည့် ကုမ္ပဏီအချို့ ရှိနေသောကြောင့် မျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ပါနှင့်။
ထိုအလုပ်များသည် မက်လောက်စရာ အလုပ်မျိုး မဟုတ်နိုင်သော်လည်း ၎င်းတို့ကို ခြေလှမ်းပထမ အဆင့်အဖြစ် ရှုမြင်ရမည် ဖြစ်သည်။ ထိုအလုပ်များသည် အလုပ်အကိုင်ဈေးကွက်ထဲသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး တည်ငြိမ်သော ဝင်ငွေ၊ အလုပ်လုပ်ကိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သည်။ ထိုအချက်ရာ အားလုံးကြောင့် ဖင်လန်နိုင်ငံတွင် ဆက်လက်နေထိုင်နိုင်စေမည် ဖြစ်သည်။
ဘယ်လို ကုမ္ပဏီတွေက ဖင်လန်နိုင်ငံကို ရောက်ခါစ နိုင်ငံခြားသားတွေကို အလုပ်ခန့်အပ်လိုပါသလဲ? စားသောက်ဆိုင်လုပ်ငန်း ကုမ္ပဏီများ၊ သန့်ရှင်းရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ အသစ်ရောက်လာသည့် နိုင်ငံခြားသားများကို ပုံမှန်အားဖြင့် အလုပ်ခန့်လေ့ရှိသည်။ အကယ်၍ တောင်ပိုင်း Uusimma နယ်မြေ အထူးသဖြင့် ဟယ်ဆင်ကီးတဝိုက်တွင် နေထိုင်ပါက အလုပ်အကိုင် အခွင့်အလမ်း ပိုများနိုင်သည်။
သို့သော် ထိုကုမ္ပဏီများအနက် အချို့မှာ တစ်နိုင်ငံလုံးတွင် ရှိနေသည်။ Barona, Sol Palvelut နှင့် Freska တို့မှာ ၎င်းတို့အနက်မှ အချို့ဖြစ်သည်။ ၎င်းတို့၏ ဝက်ဘ်ဆိုက်များမှတစ်ဆင့် သို့မဟုတ် မိမိ၏ CV ပို့၍ သို့မဟုတ် ကုမ္ပဏီများ၏ အလုပ်လျှောက်လွှာတွင် ကိုယ်တိုင် အချက်အလက် ဖြည့်သွင်း၍ အလုပ်လျှောက်နိုင်သည်။
ဇွဲကောင်းရန် အရေးကြီး
အလုပ်လျှောက်ထားမှု အတွေ့အကြုံအရ ပုံမှန်အားဖြင့် အလုပ်ရခြင်း မရခြင်းကို လျင်လျင်မြန်မြန်ပင် အကြောင်းပြန်လေ့ရှိသည်။ အောင်မြင်ရန် လှည့်ကွက်မှာ ဇွဲရှိရန် ဖြစ်သည်။ ထိုအချက်ကို အများသိပြီးသားဟု ထင်ရသော်လည်း အမှန်တရားပင် ဖြစ်သည်။ လူတစ်ဦး အနေဖြင့် ဇွဲကောင်းကောင်းနှင့် ကြိုးစားပြီး မဆုတ်မနစ် လုပ်ကိုင်ရမည်။
ဘဏ်အကောင့် အခက်အခဲ
တစ်ခါတရံ ကုမ္ပဏီများဘက်က အလုပ်လျှောက်သူထံတွင် ဖင်လန်နိုင်ငံ ဘဏ်အကောင့်တစ်ခု ရှိနေပြီးသားဖြစ်ရန် လိုအပ်လိမ့်မည်။ ၎င်းတို့က လစာငွေကို ဘဏ်အကောင့်သို့ ထည့်သွင်းပေးခြင်း ဖြစ်သည်။ ပြဿနာမှာ ဖင်လန်နိုင်ငံသို့ အသစ်ရောက်လာသူဖြစ်ပြီး အလုပ်အကိုင် ရှိနေပြီးသား မဟုတ်ပါက ဘဏ်က အကောင့်ဖွင့်ပေးလေ့မရှိပေ။ထိုအခြေအနေ ကြုံရပါက မိမိ သိကျွမ်းသော ဘဏ်အကောင့်ရှိပြီးသား ဖင်လန်နိုင်ငံသားနှင့်အတူ ဘဏ်သို့ သွားရောက်ပြီး ၎င်းက အာမခံပေးနိုင်သည်။ ဘဏ်အကောင့်ဖွင့်လိုသူမှာ ဖင်လန်နိုင်ငံတွင် အခြေချနေထိုင်သူဖြစ်ကြောင်း ဖင်လန်နိုင်ငံသားက အာမခံပေးရခြင်း ဖြစ်သည်။ အလုပ်ရှာဖွေရန် ဘဏ်အကောင့်တစ်ခုရှိရန် မဖြစ်မနေ လိုအပ်သည်။ အကယ်၍ ဖင်လန်နိုင်ငံသား အသိမိတ်ဆွေ မရှိပါက မိမိကို အလုပ်ခန့်သော ကုမ္ပဏီထံမှ ထောက်ခံစာကို ဖင်လန်ဘာသာစကားဖြင့် ရေးသားပေးရန် တောင်းဆိုနိုင်သည်။
Facebook page အချို့
ကုမ္ပဏီ ဝက်ဘ်ဆိုက်များထက် Facebook ပေါ်မှ အောက်ဖော်ပြပါ page များကို follow လုပ်ထားသင့်သည်။
- - International Jobseekers in Helsinki
- - English Speaking Jobs in Helsinki
- - Jobs in Helsinki
- - Find Work Finland
- - Find Work In Finland
- - Foreign workers in Finland
- - IESAF, for all kind of advises from other foreigners' personal experiences
နောက်ဆုံး အကြံပြုချက်မှာ အလုပ်ရရှိပြီးနောက် အလုပ်သမား အသင်းအဖွဲ့တစ်ခုသို့ ဝင်ရောက်ထားသင့်သည်။ ထိုအသင်းအဖွဲ့က အလုပ်အကိုင် အခွင့်အရေးများ၊ ဖြစ်လာနိုင်သော ပြဿနာများ သို့မဟုတ် မည်သည့် အလုပ်နှင့် ပတ်သက်သော သံသယမျိုးကို ပတ်သက်၍ ကူညီပေးနိုင်သည်။ အလုပ်ရရှိပြီးနောက် အသင်းအဖွဲ့ အချက်အလက်များကို မေးမြန်းနိုင်သည်။ အလုပ်အင်တာဗျူးသူက အလုပ်သမား အသင်းအဖွဲ့သို့ ဝင်ရောက်သလားဟု မေးမြန်းမှုလည်း ရှိတတ်ပြီး အလုပ်လျှောက်သူအတွက် စာရွက်စာတမ်းကိစ္စများ ပြင်ဆင်ပေးမည် ဖြစ်သည်။
စိတ်ဝင်စားဖွယ် link များ စာရင်း
10. www.linkedin.com
14. www.adecco.fi
37. www.mercuriurval.com/…/…/Tyopaikat-ja-ura/Avoimet-tyopaikat/
44. www.poolia.fi/
56. www.hee.bo/jobs/
61. www.talente.fi/8
73. www.duunia.net
76. www.valtiolle.fi
79. www.ge.com/fi/
89. MeetFrank app - get it form store


No comments
Post a Comment