Slider

အစိုးထောက်ပံ့ကြေးယူလျှင် ကျောင်းသားနေထိုင်ခွင့် ပြန်လည်ရုပ်သိမ်းမည်။

ဖင်လန်နိုင်ငံမှာ ကျောင်းတက်နေတဲ့၊ ဒါမှမဟုတ် ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတကာကျောင်းသားတွေအတွက် ဖင်လန်အစိုးရ၏ နောက်ဆုံးတင်းကျပ်မှုများထဲမှ တခုကိုမကြာခင်ပြထမ်းနိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

အဓိကအချက်ကတော့ "အစိုးရဆီက ထောက်ပံ့ကြေး (Social Support) ယူမယ်ဆိုရင် ကျောင်းသားနေထိုင်ခွင့် (Residence Permit) ပြန်လည်ရုပ်သိမ်းခံရနိုင်တယ်" ဆိုတဲ့ အကြောင်းအရာပါ။

ဖင်လန်အစိုးရရဲ့ နိုင်ငံခြားသားများအားတင်းကျပ်လာမယ့် ဥပဒေ စည်းကမ်းများကို စီးပွားရေးနဲ့ အလုပ်အကိုင်ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ နိုင်ငံတကာကျောင်းသားတွေ အနေနဲ့ ဖင်လန်မှာ နေထိုင်ခွင့်ရထားစဉ်ကာလအတွင်း အစိုးရရဲ့ လူမှုဖူလုံရေးထောက်ပံ့ကြေးတွေကို ရယူခြင်း ရှိ၊ မရှိ ဆိုတာကို အရင်ကထက် ပိုမိုပြီး စောင့်ကြည့်စစ်ဆေးသွားတော့မယ်လို့ သိရပါတယ်။

ဒီလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နေထိုင်ခွင့် (Residence Permit) ကို အလွဲသုံးစားလုပ်တာမျိုး မဖြစ်စေဖို့အတွက်ရည်ရွယ်ကြောင်းဆိုပါတယ်။ ပုံမှန်အားဖြင့် ကျောင်းသားဗီဇာနဲ့ လာတဲ့သူတွေဟာ ဖင်လန်မှာ နေထိုင်ဖို့အတွက် ကုန်ကျစရိတ်ကို ကိုယ့်ဘာသာ တာဝန်ယူနိုင်ကြောင်း သက်သေပြပြီးမှ လာကြတာမို့ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ မိမိတို့ ကတိကဝတ်အတိုင်း ကိုယ့်စရိတ်နဲ့ကိုယ်ရပ်တည်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပါ။

ဘယ်လို စစ်ဆေးမှာလဲ။

Automated System လူဝင်မှုကြီးကြပ်ရေး (Migri) အနေနဲ့ အလိုအလျောက် စောင့်ကြည့်တဲ့စနစ် (Automated post-decision monitoring) ကို အသုံးပြုသွားမှာလိုသိရပြီး၊ 

သတင်းအချက်အလက် ချိတ်ဆက်မှုအနေနဲ့ လူဝင်မှုကြီးကြပ်ရေး (Migri) အနေနဲ့  Kela လို့ခေါ်တဲ့ လူမှုဖူလုံရေးအဖွဲ့အစည်းဆီကနေ ကျောင်းသားတွေ ထောက်ပံ့ကြေး ယူ/မယူ စာရင်းတွေကို တိုက်ရိုက်ရယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားတစ်ယောက်က ထောက်ပံ့ကြေး လျှောက်လိုက်တာနဲ့  လူဝင်မှုကြီးကြပ်ရေး (Migri) အနေနဲ့  ချက်ချင်း သိရှိနိုင်တော့မှာဖြစ်ပါတယ်။

ဘယ်သူတွေပါဝင်ပြီး ဘယ်အချိန်မှာ စပြီးအသက်ဝင် မလဲ။

ဒီဥပဒေပြင်ဆင်ချက်ဟာ EU နဲ့ EEA နိုင်ငံတွေရဲ့ ပြင်ပကနေ လာရောက်ပညာသင်ကြားတဲ့ နိုင်ငံတကာကျောင်းသားတွေအပေါ် အဓိက သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။

ဥပဒေ အသက်ဝင်မယ့် အချိန်ကာလ လက်ရှိမှာတော့ ဒီဥပဒေပြင်ဆင်ချက် မူကြမ်းကို အများပြည်သူ သဘောထားမှတ်ချက်ပေးနိုင်ဖို့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့အထိ ဖွင့်လှစ်ထားပါတယ်။ အစိုးရအနေနဲ့ ၂၀၂၆ နွေဦးကာလလောက်မှာ ပါလီမန်ကို တင်ပြပြီး အမြန်ဆုံး အသက်ဝင်လာအောင် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

လက်ရှိအခြေအနေနဲ့ ပြောင်းလဲမှု အရင်တုန်းကတော့ စောင့်ကြည့်စစ်ဆေးမှုတွေ ရှိပေမယ့်၊ ထောက်ပံ့ကြေး တစ်ခါလောက် ယူမိရုံနဲ့ နေထိုင်ခွင့် ချက်ချင်း ဖျတ်သိမ်းတာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ ရှေ့လျှောက်မှာတော့ စည်းကမ်းတွေက ပိုပြီး တိကျပြတ်သားလာပြီး စည်းနှောင်ထိမ်းကြောင်းမှု ပိုမိုရှိလာတော့မှာဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး (Migri) ရဲ့ စာရင်းဇယားတွေအရ ၂၀၂၃ စက်တင်ဘာကနေ ၂၀၂၅ ဒီဇင်ဘာလအထိ စစ်ဆေးချက်တွေမှာ နေထိုင်ခွင့်လျှောက်ထားသူ ၃၇,၀၀၀ ကျော်ထဲကမှ ထောက်ပံ့ကြေးယူထားတဲ့ ကျောင်းသားပေါင်း ၃၃၃ ယောက်ကို စိစစ်တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။



0

No comments

Post a Comment

blogger