(၁) အလုပ်လက်မဲ့ ၅၉% သည် မိမိ၏ နယ်ပယ်အပြင်တွင် အလုပ်ရှာဖွေနေ
Kauppalehti ၏ ဖော်ပြချက်အရ၊ Finland ၏ အကြီးဆုံးအလုပ်လက်မဲ့ကြေး ရန်ပုံငွေ YTK ၏ စစ်တမ်းတွင် အလုပ်လက်မဲ့ ၇,၀၀၀ ကျော် ပါဝင်ခဲ့ပြီး ၅၉% သည် မိမိ၏လက်ရှိလုပ်ငန်းနယ်ပယ်အပြင်တွင် အလုပ်ရှာဖွေနေကြောင်း ဖော်ပြခဲ့သည်။
အထူးသဖြင့် လစာနည်းပြီး အလုပ်အခြေအနေမတည်ငြိမ်သော ကုန်တိုက်၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများမှ အလုပ်သမားများသည် အခြားနယ်ပယ်များသို့ ကူးပြောင်းလိုကြသည်။
ICT၊ ဘဏ္ဍာရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အလုပ်သမားများသည် လစာကောင်းမွန်ပြီး အလုပ်အကိုင်တည်ငြိမ်မှုရှိသောကြောင့် အခြားနယ်ပယ်သို့ ကူးပြောင်းလိုသူနည်းသည်။
YTK ၏ CEO Auli Hänninen က "ဤအခြေအနေသည် စီးပွားရေးကျဆင်းမှုကိုပြသော်လည်း၊ လူများသည် အလုပ်အခွင့်အလမ်းများကို ကျယ်ပြန့်စွာရှာဖွေတတ်လာခြင်းမှာ ကောင်းမွန်သောအချက်ဖြစ်သည်" ဟု ပြောကြားခဲ့သည်။
(၂) အိမ်ခြံမြေပြုပြင်မှုများ နှောင့်နှေးနေ
Helsingin Sanomat ၏ ဖော်ပြချက်အရ၊ ဖင်လန်ရှိ အိမ်ခြံမြေကုမ္ပဏီများသည် ပြုပြင်မှုများကို အချိန်မီမလုပ်ဆောင်ခြင်းကြောင့် နောင်တွင် ကုန်ကျစရိတ်များစွာဖြစ်ပေါ်စေနိုင်သည်။
Pirkanmaa ဒေသရှိ အိမ်ခြံမြေမန်နေဂျာများအသင်း၏ ဥက္ကဋ္ဌ Riku Pönkänen က "လူများသည် ကားအတွက် ယူရို ၁၀,၀၀၀–၂၀,၀၀၀ အကုန်ခံရန် အဆင်ပြေသော်လည်း၊ အိမ်ပြုပြင်ရန်အတွက် ဤငွေပမာဏသည် ကြီးမားသည်ဟု ထင်ကြသည်" ဟု ရှင်းပြခဲ့သည်။
ဖင်လန်ရှိ အဆောက်အအုံ ၄၅% သည် ၁၉၆၀ မှ ၁၉၈၀ ကြားတွင် တည်ဆောက်ခဲ့ပြီး၊ ယခုအခါ ကြီးမားသောပြုပြင်မှုများ လိုအပ်နေသည်။
(၃) မိခင်နေ့တွင် နေပူနိုင်ခြေ
Iltalehti ၏ မိုးလေဝသနှင့်ပတ်သက်သော ဖော်ပြချက်အရ၊ မိခင်နေ့ (မေလ ၁၂ ရက်) တွင် ဖင်လန်၏ တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် အပူချိန် ၁၃–၁၄°C အထိ မြင့်တက်နိုင်ပြီး နေရောင်ခြည်လည်း ရရှိနိုင်သည်။
Foreca မိုးလေဝသပညာရှင် Joonas Koskela က "နောက်ရက်များတွင် အပူချိန် ၂၀°C အထိ မြင့်တက်နိုင်သော်လည်း၊ ယခုအချိန်တွင် မြောက်ပိုင်းလေအေးများ ဆက်လက်ရှိနေမည်" ဟု ပြောကြားခဲ့သည်။
(၄)မျိုးမအောင်ခြင်းကုသမှုများသည်ကိုယ်ဝန်ဆိပ်တက်ခြင်းအန္တရာယ်ကို ၃ဆမြင့်တက်
တမ်းပရီတက္ကသိုလ်မှ လီစန်ရှီယို EevaMaria Pohjonen ၏ သုတေသနအရ၊ မျိုးမအောင်ခြင်းကုသမှု (IVF) ခံယူပြီး ကိုယ်ဝန်ဆောင်သူများတွင် ကိုယ်ဝန်ဆိပ်တက်ခြင်း (preeclampsia) ဖြစ်နိုင်ခြေ ၃ ဆမြင့်တက်ကြောင်း ဖော်ပြခဲ့သည်။
ဖင်လန်တွင် ကလေး ၇% သည် မျိုးမအောင်ခြင်းကုသမှုဖြင့် မွေးဖွားလာသည်။
အေးခဲထားသော သန္ဓေသားအစားထိုးကုသမှု (frozen embryo transfer) သည် အထိရောက်ဆုံးနည်းလမ်းဖြစ်သော်လည်း၊ သားအိမ်အတွင်း ဟော်မုန်းမညီမျှမှုများ ဖြစ်ပေါ်စေနိုင်သည်။
(၅) ပါလီမန်ကော်မတီက ဘဲနှင့် ငှက်ကြီးများကို သတ်ဖြတ်ခွင့်ပြုရန် အဆိုပြု
ဖင်လန်ပါလီမန်၏ ပတ်ဝန်းကျင်ကော်မတီသည် ဘဲနှင့် ငှက်ကြီးများ (cormorants) ကို သတ်ဖြတ်ခွင့်ပြုရန် အဆိုပြုခဲ့သည်။
ဘဲများသည် နှစ်စဉ် လယ်ယာစိုက်ပျိုးရေးအတွက် ယူရို ၂–၄ သန်း အထိပျက်စီးစေပြီး၊ ငှက်ကြီးများသည် ငါးဖမ်းလုပ်ငန်းကို ထိခိုက်စေသည်။
Green Party နှင့် Left Alliance တို့က ဤအဆိုကို ကန့်ကွက်ခဲ့သည်။
(၆) ကျောင်းသားများ၏ ညဘက်ကွန်ပျူတာအသုံးပြုခွင့်ကို ပိတ်ပင်ခံရ
Pirkanmaa ဒေသရှိ Ylöjärvi, Nokia, Kangasala နှင့် Orivesi မြို့များတွင် ကျောင်းသားများ၏ Chromebook များကို ည ၁၀ နာရီမှ မနက် ၆ နာရီအထိ အလိုအလျောက်ပိတ်ပင်ထားသည်။
ကျောင်းသားများ၏ အိပ်စက်ချိန်နှင့် ကျန်းမာရေးကို ကာကွယ်ရန် ရည်ရွယ်သည်။
Nokia မြို့တွင် ကျောင်းသားများက ဤစနစ်ကို ကန့်ကွက်သည့် လက်မှတ်ရေးထိုးစာတမ်းတစ်ခု ပြုလုပ်ခဲ့သည်။
(သတင်းအရင်းမြစ်များ: Kauppalehti, Helsingin Sanomat, Iltalehti, University of Tampere, Parliament of Finland)
No comments
Post a Comment