အခြေခံအချက်များ
ဖင်လန်တွင် ပုံမှန်လျှပ်စစ်ပြတ်တောက်မှုများသည် ပျမ်းမျှ ၂ နာရီထက် ပိုမကြာပါ။ သို့သော် ကျေးလက်ဒေသများတွင် နာရီပေါင်းများစွာ (သို့) ရက်ချီ၍ ကြာနိုင်သည်။ အကယ်၍ မီးပြတ်တောက်မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်ပါက ရက်သတ္တပတ်အထိ ကြာနိုင်သည်။
၁။ ရေ
✅ ကြိုတင်ပြင်ဆင်ခြင်း
- သန့်ရှင်းသော ရေသိုလှောင်ခွက် (ပုလင်း၊ ဘူး) ပြင်ဆင်ထားပါ။
- တစ်ဦးလျှင် တစ်နေ့ လီတာ ၂ (သောက်ရေ + သုံးရေ) လိုအပ်သည်။
- ရေသန့်စင်ဆေးပြား (သို့) ရေစစ်ကိရိယာ ဝယ်ထားပါ။
⚠ မီးပြတ်ပြီးနောက်
- ရေကို အလွဲသုံးစားမပြုပါနှင့်။
- အိမ်သာရေဆွဲရန် ရေမရှိပါက ပလတ်စတစ်အိတ်တွင် အညစ်အကြေးစွန့်ပြီး အမှိုက်ပုံးထဲထည့်ပါ။
- သဘာဝရေအရင်းအမြစ်များ (ကန်၊ ရေတွင်း၊ နှင်း) ကို ကျိုချက်ပါ (မီးဖိုရှိပါက)။
၂။ အပူနှင့် အရန်ဓာတ်အား
✅ ကြိုတင်ပြင်ဆင်ခြင်း
- မီးဖိုရှိပါက မီးသွေး/ထင်း စုဆောင်းထားပါ။
- ဆိုလာပြားစနစ် (သို့) ဂျင်နရေတာ ရှိပါက စစ်ဆေးထားပါ။
- လျှပ်စစ်ကားပိုင်ဆိုင်ပါက အိမ်သုံးဓာတ်အားအဖြစ် အသုံးပြုနိုင်သည်။
⚠ မီးပြတ်ပြီးနောက်
- လျှပ်စစ်အပူပေးစနစ်ကို ပိတ်ပါ။
- တံခါး၊ ပြတင်းများကို ပိတ်၍ အခန်းတစ်ခုတည်းကို အပူထိန်းပါ။
- အလွန်အေးပါက အိမ်နီးချင်းထံ ခိုလှုံပါ။
၃။ အလင်းရောင်နှင့် လျှပ်စစ်ပစ္စည်းများ
✅ ကြိုတင်ပြင်ဆင်ခြင်း
- ဓာတ်ဘက်ထရီမီးအိမ်၊ ဖယောင်းတိုင်၊ ခဲအားလုံး ဝယ်ထားပါ။
⚠ မီးပြတ်ပြီးနောက်
- မီးဖို၊ မီးပူ၊ မိုက်ခရိုဝေ့ စသည့် ပစ္စည်းများကို ပိတ်ပါ။
- ဖယောင်းတိုင်သုံးပါက မီးဘေးအန္တရာယ်သတိပြုပါ။
၄။ ဖုန်း၊ အင်တာနက်နှင့် ငွေပေးချေမှု
✅ ကြိုတင်ပြင်ဆင်ခြင်း
- Power Bank (ဆိုလာစွမ်းအင်ဖြင့် အားသွင်းနိုင်သည့်အမျိုးအစား) ဝယ်ထားပါ။
- ငွေသား အနည်းငယ် အမြဲထားပါ (ဘဏ်ကတ်များ အလုပ်မလုပ်ပါ)။
⚠ မီးပြတ်ပြီးနောက်
- အရေးပေါ်ဖုန်းခေါ်ဆိုမှုများအတွက် ဖုန်းလိုင်းကို လွတ်ထားပါ။
- SMS ပို့ခြင်းက ဖုန်းခေါ်ဆိုခြင်းထက် လိုင်းပိုမိုလွတ်သည်။
၅။ အစားအစာ
✅ ကြိုတင်ပြင်ဆင်ခြင်း
- ရေရှည်ခံအစားအစာများ (ဆန်၊ ပဲခြောက်၊ ဘီစကစ်) စုဆောင်းထားပါ။
⚠ မီးပြတ်ပြီးနောက်
- ရေခဲသေတ္တာကို ဖွင့်ခြင်းကို ရှောင်ပါ (အစားအစာများ ၂၄ နာရီအထိ အေးနေနိုင်သည်)။
- အပူပေးရန် ဓာတ်ငွေ့မီးဖို၊ မီးသွေး၊ စားဖိုမီးဖိုကို အသုံးပြုပါ။
၆။ အိမ်နီးချင်းများနှင့် အခြားသူများ
✅ ကြိုတင်ပြင်ဆင်ခြင်း
- အိမ်နီးချင်းများနှင့် အရေးပေါ်ဆက်သွယ်ရန် နည်းလမ်းများ စီစဉ်ထားပါ။
- အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်းများ (ပလာစတာ၊ အနာပျောက်ဆေး) ထားပါ။
⚠ မီးပြတ်ပြီးနောက်
- သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို ကူညီပါ။
၇။ သယ်ယူပို့ဆောင်ရေး
✅ ကြိုတင်ပြင်ဆင်ခြင်း
- ကားလောင်စာဆီ (သို့) လျှပ်စစ်ကားအားကို အမြဲ ၂၅% အထိဖြည့်ထားပါ။
⚠ မီးပြတ်ပြီးနောက်
- မီးပွိုင့်များ အလုပ်မလုပ်ပါ → လမ်းပိတ်ဆို့မှုများ ဖြစ်နိုင်သည်။
- လျှပ်စစ်ရထားများ ရပ်သွားနိုင်သည်။
၈။ အချက်အလက်ရယူခြင်း
✅ ကြိုတင်ပြင်ဆင်ခြင်း
- ဓာတ်ဘက်ထရီဖြင့်အလုပ်လုပ်သော ရေဒီယို ဝယ်ထားပါ။
- 112 Finland အပလီကေးရှင်း ကို ဖုန်းတွင် တပ်ဆင်ထားပါ။
⚠ မီးပြတ်ပြီးနောက်
- Yle ရေဒီယို၊ တရားဝင်ထုတ်ပြန်ချက်များ ကို နားထောင်ပါ။
လျှပ်စစ်ပြန်လည်ရရှိပါက
- ပြန်လည်ဖွင့်သည့်အခါ မီးဘေးအန္တရာယ်ကို သတိပြုပါ။
- လျှပ်စစ်ကုမ္ပဏီမှ လျှော်ကြေးပေးနိုင်သည် (၁၂ နာရီထက်ပိုပြတ်ပါက)။
(Fingrid၊ ဖင်လန်အစိုးရနှင့် Yle ၏ အကြံပြုချက်များကို အခြေခံပြီး ဘာသာပြန်ဖော်ပြထားပါသည်။)
No comments
Post a Comment