ဖင်လန်နိုင်ငံတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ဘွဲ့ဒီဂရီ သို့မဟုတ် အရည်အချင်းပြည့်မီသော ပညာရေးကို သင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ၏ (၆) ရာခိုင်နှုန်းခန့်က ပညာသင်ကြားမှု ရပ်နားခဲ့ပြီး ကျောင်းဆက်မတက်ခဲ့ကြကြောင်း ဖင်လန်စာရင်းအင်းဌာ ထုတ်ပြန်သည်။
လူငယ်များအတွက် ရည်ရွယ်သည့် အထွေထွေ အထက်တန်းပညာရေးတွင် ပညာသင်ကြားမှု ရပ်နားခဲ့သူများ ရာခိုင်နှုန်းမှာ (၂.၉) ရာခိုင်နှုန်း၊ အသက်မွေးဝမ်းကျောင်း ပညာရေးတွင် (၉.၈) ရာခိုင်နှုန်း၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ (အသက်မွေးဝမ်းကျောင်းဘွဲ့များ တက္ကသိုလ်) တွင် (၈.၃) ရာခိုင်နှုန်းနှင့် တက္ကသိုလ်ပညာရေး (ဘွဲ့ကြို နှင့် မဟာဘွဲ့) တွင် (၅.၄) ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရေးကဏ္ဍအားလုံးတွင် ပညာသင်ကြားမှု ရပ်နားခြင်းမှာ လျော့နည်းသွားခြင်း သို့မဟုတ် မပြောင်းလဲဘဲ ရှိနေခဲ့သည်။ အမျိုးသားများက အမျိုးသမီးများထက် ဘွဲ့ဒီဂရီ သို့မဟုတ် အရည်အချင်းပြည့်မီသော ပညာရေးကို ရပ်နားမှု ပိုများလေ့ရှိသည်။ အမျိုးသားများက အသက်မွေးဝမ်းကျောင်းပညာရေး တက္ကသိုလ်များတွင် ပညာသင်ကြားမှုကို အများဆုံး ရပ်နားလေ့ရှိပြီး အမျိုးသမီးများမှာ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေးကို အများဆုံး ရပ်နားလေ့ရှိသည်။
အသက် (၂၅) နှစ်အောက် အသက်မွေးဝမ်းကျောင်း ပညာရေးတွင် ကျောင်းသူ ကျောင်းသားများ၏ (၈.၄) ရာခိုင်နှုန်းက ၎င်းတို့၏ ပညာသင်ကြားမှုကို ရပ်နားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ပညာသင်ကြားမှု စတင်ခဲ့သည့် ကျောင်းသူ ကျောင်းသား အသစ်များကြား ပညာသင်ကြားမှု ရပ်နားခြင်း ရာခိုင်နှုန်းမှာ (၅.၇) ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်ကထက် (၀.၆) ရာခိုင်နှုန်း လျော့ကျခဲ့သည်။
No comments
Post a Comment