Slider

၂၀၂၄ ခုနှစ်တွင် ဖင်လန်၌ အမဲသား၊ ဝက်သား ထုတ်လုပ်မှု မြင့်တက်ပြီး သိုးသား ထုတ်လုပ်မှု ကျဆင်း

ဖင်လန်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း အမဲသားနှင့် ဝက်သား ထုတ်လုပ်မှု မြင့်တက်လာခဲ့သော်လည်း သိုးသား ထုတ်လုပ်မှုမှာ ကျဆင်းသွားကြောင်း Natural Resources Institute Finland (Luke) က ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ်တွင် အမဲသား ကီလိုဂရမ် (၈၇) သန်းနှင့် ဝက်သား ကီလိုဂရမ် (၁၆၁) သန်း ထုတ်လုပ်ခဲ့သည်။
ထိုအသားနှစ်မျိုးလုံး၏ ထုတ်လုပ်မှုများမှာ ယခင်နှစ်ကထက် (၁) ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ သို့သော် သိုးသား ထုတ်လုပ်မှုမှာ ဆက်လက် ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ကီလိုဂရမ် (၁) သန်း ထုတ်လုပ်ခဲ့သည်။ ဝက်သား ထုတ်လုပ်မှုမှာ South Ostrobothnia, Southwest Finland နှင့် Ostrobothnia နယ်မြေများတွင် အဓိက မြင့်တက်လာခဲ့သည်။
ဝက်သား ထုတ်လုပ်မှု၏ (၆၄) ရာခိုင်နှုန်းမှာ ထိုနယ်မြေများတွင် ဖြစ်သည်။ North Ostrobothnia နှင့် South Ostrobothnia နယ်မြေတို့တွင် အမဲသား ထုတ်လုပ်မှု အများဆုံးဖြစ်ကြောင်း သိရသည်။ သိုးသား ထုတ်လုပ်မှု အများဆုံးမှာ Southwest Finland တွင် ဖြစ်ခဲ့သည်။


0

No comments

Post a Comment

blogger