Slider

Aalto တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုများ စံချိန်တင် မြင့်တက်

ဖင်လန်နှင့် ဆွီဒင်ဘာသာဖြင့် သင်ကြားပို့ချသော ဘွဲ့သင်တန်းများသို့ လျှောက်ထားသူအရေအတွက် စံချိန်တင် မြင့်တက်လာသည်။ မတ်လ (၂၅) ရက်နေ့တွင် ပြီးဆုံးခဲ့သော အဆင့်မြင့်ပညာတက္ကသိုလ်များအတွက် ဒုတိယအကြိမ် လျှောက်ထားမှုတွင် Aalto တက္ကသိုလ်၏ ဘွဲ့သင်တန်းများက စုစုပေါင်း လျှောက်လွှာ (၂၂,၆၈၁) ခု လက်ခံရရှိခဲ့သည်။  

လျှောက်ထားသူ (၁၄,၇၄၇) ဦးအနက် (၉,၄၁၆) ဦးက Aalto တက္ကသိုလ်ကို ၎င်းတို့၏ ပထမဦးစားပေးအဖြစ် ရွေးချယ်ခဲ့ကြသည်။ Aalto တက္ကသိုလ်၏ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချသော ဘွဲ့သင်တန်းများသို့ လျှောက်ထားသူ (၃,၁၂၁) ဦး ရှိခဲ့သည်။  

လျှောက်ထားသူ စုစုပေါင်း (၅,၉၄၀) ဦးအနက် (၃,၂၅၁) ဦးက နည်းပညာ ဘာသာရပ်များ၊ (၄၅၄) ဦးက အနုပညာ ဘာသာရပ်များနှင့် (၂,၂၃၅) ဦးက စီးပွားရေး ဘာသာရပ်များကို လျှောက်ခဲ့ကြသည်။  

"ဖင်လန်နိုင်ငံထဲကရော နိုင်ငံတကာကရော ကျောင်း‌လျှောက်သူ အများကြီးရှိလာတာက ဝမ်းသာစရာကောင်းပါတယ်။ ပညာရေးက အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပြီး အခု ပညာသင်ယူနေသူတွေဟာ ဘွဲ့ရပြီးချိန်မှာ အလုပ်အကိုင်ရဖို့အတွက် ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ အရည်အချင်းကောင်းသူ‌ တွေ ဖြစ်နေပါလိမ့်မယ်။ Aalto တက္ကသိုလ်ဝင်ခွင့် လျှောက်ခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဝင်ခွင့်လျှောက်ထားမှုနဲ့ ဝင်ခွင့်စာမေးပွဲတွေရဲ့ နောက်ဆုံး အဆင့်တွေမှာ အားလုံး ကံကောင်းကြပါ‌စေ”

 ဟု Aalto တက္ကသိုလ် ဒုတိယဥက္ကဋ္ဌ (ပညာရေး) Petri Suomala က ပြောသည်။  

၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခု နွေဦးတွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူအရေအတွက် (၉) ရာခိုင် နှုန်း တိုးလာခဲ့သည်။



0

No comments

Post a Comment

blogger