ဖင်လန်နိုင်ငံ၏ ရိုးရာအစားအစာများမှာ အေးမြသော ရာသီဥတု၊ ရှည်လျားသော ဆောင်းရာသီ၊ သစ်တောများနှင့် များစွာသော ရေကန်များရှိမှုအပေါ် ထင်ဟပ်နေသည်။ ဖင်လန်နိုင်ငံ၏ ရိုးရာအစားအစာများမှာ ရိုးရှင်းပြီး သဘာဝ အရသာကို အဓိကထားသည်။ လူသိများ ထင်ရှားသော ဖင်လန်ရိုးရာ အစားအစာာများကို ဖော်ပြထားပါသည်။
၁။ Kalakukko
- Kalakukko မှာ ဖင်လန်ရိုးရာ အစားအစာတစ်ခုဖြစ်ပြီး ငါးကို ပေါင်မုန့်ထဲထည့်၍ ဖုတ်ထားသော မုန့်တစ်မျိုး ဖြစ်သည်။ Kalakukko ကို အထူးသဖြင့် ဖင်လန်နိုင်ငံ အရှေ့ပိုင်းဒေသ Savonia တွင် လူကြိုက်များသည်။
၂။ Karjalanpiirakka (Karelian Pies)
- ဖင်လန်ရိုးရာ မုန့်တစ်မျိုးဖြစ်ပြီး ဆန်ပြုတ်၊ အာလူးပြုတ်ထောင် သို့မဟုတ် မုန်လာဥနီ ထည့်ပြီး ဖုတ်ထားသော မုန့်ဖြစ်သည်။ ထိုမုန့်ကို အပေါ်ဘက်တွင် ထောပတ် သို့မဟုတ် ကြက်ဥ ဖုံးထားလေ့ရှိသည်။
၃။ Lohikeitto (Salmon Soup)
- အရိုးထွင်ထားသော ဆယ်လ်မွန်ငါး၊ အားလူးပြုတ်၊ မုန်လာဥနီနှင့် ကြက်သွန်မိတ်တို့ ပါဝင်သည့် ဖင်လန်ရိုးရာ ငါးစွပ်ပြုတ်ဟင်းတစ်မျိုး ဖြစ်သည်။ ထိုဟင်းကို အေးမြသော ရာသီဥတုတွင် စားသုံးရန် သင့်တော်ပြီး နွေးထွေးသော အရသာကို ပေးစွမ်းနိုင်သည်။
၄။ Poronkäristys (Sautéed Reindeer)
- Poronkäristys မှာ ရိန်းဒီးယား အမဲသား (reindeer meat) ကို ပါးပါးလှီး၍ ထောပတ်၊ ကြက်သွန်နီ၊ ဘီယာတို့နှင့် ကြော်ထားသော အစားအစာတစ်မျိုး ဖြစ်သည်။ ထိုအစားအစာကို အာလူးပြုတ်ထောင်းနှင့် လင်ဂွန်ဘယ်ရီသီး (lingonberry jam) တို့နှင့် တွဲဖက် စားသုံးလေ့ရှိသည်။ ဖင်လန်နိုင်ငံ မြောက်ပိုင်းဒေသများတွင် အထူးလူကြိုက်များသည်။
၅။ Leipäjuusto (Finnish Squeaky Cheese)
- ဖင်လန်ရိုးရာ ချိစ်တစ်မျိုးဖြစ်ပြီး နွားနို့ (သို့မဟုတ်) ဆိတ်နို့ဖြင့် ပြုလုပ်ပြီး မီးဖုတ်ထားသော ချိစ်ဖြစ်သည်။ ၎င်းကို ဘယ်ရီသီးနှင့် တွဲဖက်စားသုံးလေ့ရှိသည်။
၆။ Mustikkapiirakka (Blueberry Pie)
- ဘလူးဘယ်ရီသီးဖြင့် ပြုလုပ်ထားသော ဖင်လန်ရိုးရာ မုန့်တစ်မျိုး ဖြစ်သည်။ ဖင်လန်နိုင်ငံတွင် ဘလူးဘယ်ရီသီးများ ပေါများစွာရှိသောကြောင့် ထိုမုန့်ကို နွေရာသီနှင့် ဆောင်းဦးရာသီများတွင် အလွန် လူကြိုက်များသည်။
Lainan määrä ei muuttunut, mutta kuukausierä nousi rajusti. https://kulutusluottoa24.fi/lainaaheti/
ReplyDeleteThis comment has been removed by the author.
ReplyDelete