(၁) ဖင်လန်တွင် အမြင့်ဆုံးဝင်ငွေရှင်များအတွက် အခွန်လျှော့ချမှုကို ပြည်သူ ၆၈% က မထောက်ခံ
Helsingin Sanomat ၏ လူထုစစ်တမ်းအရ၊ အစိုးရက အမြင့်ဆုံးဝင်ငွေရှင်များအား အခွန်လျှော့ချပေးခြင်းကို ဖင်လန်နိုင်ငံသား ၆၈% က မလိုလားကြောင်း ဖော်ပြသည်။ ၂၀% သာ ထောက်ခံပြီး ၁၂% က သဘောထားမထုတ်ဖော်ခဲ့ပါ။
- လစာ ၃,၀၀၀ ယူရိုရသူ၏ အခွန်နှုန်း ၁% (တစ်နှစ်လျှင် ၃၈၀ ယူရို) လျော့ကျမည်။
- လစာ ၁၅,၀၀၀ ယူရိုရသူအတွက် ၂.၈% (တစ်နှစ်လျှင် ၅,၂၅၀ ယူရို) လျော့ချပေးမည်။
အစိုးရက အလုပ်အကိုင်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရန် ရည်ရွယ်ကြောင်း ပြောသော်လည်း၊ အတိုက်အခံများက ပြင်းထန်စွာဝေဖန်နေသည်။ စိတ်ဝင်စားဖွယ်မှာ ဝန်ကြီးချုပ်ပါတီ (National Coalition Party) ထောက်ခံသူ ၃၀% နှင့် Finns Party ထောက်ခံသူ ၄၀% ကပါ ဤအခွန်လျှော့ချမှုကို မှန်ကန်စွာ ဦးတည်ထားခြင်းမရှိဟု ယူဆကြသည်။
(၂) လေဆိပ်သပိတ်ကြောင့် Finnair ၊ ခရီးစဉ် ၁၀၀ ကျော်ပျက်ကွက်
Finnish Aviation Union (IAU) ၏ တနင်္လာနေ့သပိတ်ကြောင့် ဟယ်လ်ဆင်ကီလေဆိပ်တွင် မြေပြင်ဝန်ဆောင်မှုနှင့် ကုန်တင်လေယာဉ်များ နှောင့်နှေးမည်။
- Finnair က ခရီးစဉ် ၁၀၀ ခန့်ဖျက်သိမ်းထားပြီး ခရီးသည် ၇,၅၀၀ ခန့် ထိခိုက်မည်။
- ယခင်သပိတ်က ခရီးစဉ် ၁၄၀ ပျက်ကွက်စေခဲ့သည်။
IAU နှင့် လုပ်ငန်းရှင်အဖွဲ့ Palta တို့သည် လုပ်ခလစာသဘောတူညီချက်အတွက် ဆွေးနွေးနေဆဲ ဖြစ်သည်။
(၃) ဖင်လန်တွင် ခွေး ၅၆% မှတ်ပုံမတင်ရသေးဟု စစ်တမ်းဖော်ပြ
ခွေးများအား မဖြစ်မနေမှတ်ပုံတင်ရန် ၂၀၂၃ နှစ်ကုန်ကပြဌာန်းခဲ့သော်လည်း၊ ခန့်မှန်းခွေး ၈၀၀,၀၀၀ အနက် ၄၄% သာ မှတ်ပုံတင်ထားသည်။
Kennel Club တွင် မှတ်ပုံတင်ပြီးသော ခွေးရှင်များက အစိုးရမှတ်တမ်းကို ထပ်မံမလိုအပ်ဟု ထင်နေကြသည်။
အွန်လိုင်းမှတ်ပုံတင်ခ ယူရို ၁၀ ၊ လျှောက်လွှာဖြင့်တင်ပါက ၁၉ ယူရို ကျသင့်မည်။
(၄) မေလပထမပတ်အတွက် အေးမြပြီးမိုးရွာသွန်းမည့် ရာသီဥတု
Iltalehti က မေလပထမပတ်အတွက် "စိတ်ပျက်ဖွယ်ရာသီဥတု" ဟု သတင်းဖော်ပြသည်။
- တနင်္လာနေ့တွင် အပူချိန် ၄°C မှာ ၉°C (တောင်နှင့်အနောက်)၊ ၁ °C မှ ၅°C (မြောက်နှင့်အရှေ့)။
- ညဘက်တွင် နှင်းကျနိုင်သည် (Kuopio၊ Jyväskylä)။
- မိခင်များနေ့ (မေလ ၁၁ ရက်) အပြီးမှသာ ပူနွေးလာမည်။
(သတင်းအရင်းမြစ်များ: Helsingin Sanomat, IltaSanomat, STT, Finnish Meteorological Institute)
No comments
Post a Comment