Slider

အခွန်ပြန်တင်ရန်နောက်ဆုံးနေ့ (ဧပြီ၁၅) ၏ အရေးကြီးသောအချက် ၇ချက်

ဖင်လန်အခွန်ဌာနသည်ယခုနှစ်တွင်အခွန်ပြန်တင်ရန်နောက်ဆုံးရက်ကိုဧပြီလအထိရှေ့တိုးခဲ့ပြီး၊လစာနှင့်ပင်စင်ခံစားသူ၁.၇သန်းခန့်အတွက်ယနေ့(ဧပြီ၁၅)သည်နောက်ဆုံးနေ့ဖြစ်သည်။အောက်ပါအချက်များကိုသေချာစွာစစ်ဆေးပြီးအချိန်မီတင်ပြရန်အရေးကြီးပါသည်။

၁။ဘဏ်အကောင့်နံပါတ်စစ်ဆေးပါ

ဘဏ်ပြောင်းခြင်းသို့မဟုတ်ဘဏ်ပိုင်ရှင်ပြောင်းလဲခြင်းရှိပါကအခွန်ဌာနသို့အလိုအလျောက်အချက်အလက်မရောက်ပါ။

အခွန်ပြန်အမ်းငွေများမှန်ကန်စွာရရှိရန်အကောင့်နံပါတ်ကိုMyTaxတွင်ပြန်လည်စစ်ဆေးပါ။

၂။အပိုဝင်ငွေများကိုထည့်သွင်းပါ

Cryptocurrency၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊အိမ်/ကား/လှေငှားရမ်းခြင်းမှဝင်ငွေများကိုအခွန်တွင်ဖော်ပြရန်လိုအပ်သည်။

မဖော်ပြပါကအနည်းဆုံးယူရို၇၅(သို့)ဖုံးကွယ်ထားသောဝင်ငွေ၏အချိုးအစားအတိုင်းအခွန်တိုးပေးဆောင်ရနိုင်သည်။

၃။အိမ်သုံးစရိတ်နုတ်ယူခွင့်(HouseholdDeduction)

အိမ်ပြင်ဆင်ခြင်း၊ဆီအပူပေးစနစ်ဖြုတ်ခြင်း၊အိမ်နှင့်ကျန်းမာရေးဝန်ဆောင်မှုများအတွက်အများဆုံးယူရို၃,၅၀၀အထိနုတ်ယူနိုင်သည်။

ပြင်ဆင်မှုအတွက်အများဆုံးယူရို၂,၂၅၀နုတ်ယူနိုင်ပြီး၊ပြေစာများကိုအတည်ပြုထားရန်လိုအပ်သည်။

၄။အိမ်မှအလုပ်လုပ်ခြင်းအတွက်နုတ်ယူခွင့်(OfficeDeduction)

  • တစ်နှစ်လုံး၅၀%ထက်ပိုအိမ်မှအလုပ်လုပ်ပါကယူရို၉၆၀၊
  • ၅၀%အောက်လုပ်ပါကယူရို၄၈၀၊
  • ကြားဖြတ်အိမ်မှအလုပ်လုပ်ပါကယူရို၂၄၀နုတ်ယူနိုင်သည်။

၅။အလုပ်သွားလာစရိတ်(TravelExpenses)

အနည်းဆုံးယူရို၉၀၀ကျော်မှသာနုတ်ယူခွင့်ရှိပြီး၊အများဆုံးယူရို၇,၀၀၀အထိနုတ်နိုင်သည်။

အချိန်နှင့်ငွေကြေးချွေတာရန်အိမ်နှင့်အလုပ်ကြားအခမဲ့သယ်ယူပို့ဆောင်ရေးကိုအသုံးပြုပါ။

၆။ပစ္စည်းရောင်းချခြင်းမှအခွန်ကာကွယ်ရန်

ပစ္စည်းဝယ်ယူစျေးနှုန်း(သို့)အမွေဆိုင်အခွန်တန်ဖိုးကိုဖော်ပြပါကမြတ်စွန်းငွေအပေါ်အခွန်လျှော့ချနိုင်သည်။

ဥပမာ:ယူရို၃,၀၀၀ဖြင့်ဝယ်ထားသောပစ္စည်းကိုယူရို၅,၀၀၀ဖြင့်ရောင်းပါက၊မြတ်စွန်းငွေယူရို၂,၀၀၀သာအခွန်ပေးရမည်။မဖော်ပြပါကယူရို၄,၀၀၀အထိအခွန်တင်နိုင်သည်။

၇။အိမ်ခြံမြေအခွန်(PropertyTax)ကိုမမေ့ပါနှဲ့

အိမ်တိုးချဲ့ခြင်း၊အိမ်ဖျက်ခြင်းစသည့်ပြုပြင်မှုများရှိပါကအိမ်ခြံမြေအခွန်ပြင်ဆင်ရန်လိုအပ်သည်။

အရေးပေါ်အကြံပြုချက်

ယနေ့(၁၅.၄.၂၀၂၅)ည၁၁:၅၉အထိMyTax(သို့)ကြိုတင်ဖြည့်ထားသောအခွန်ဖောင်ဖြင့်တင်ပြပါ။

ဖောင်စက္ကူဖြင့်တင်ပါကယနေ့အတွင်းအခွန်ဌာနသို့ရောက်ရှိရန်လိုအပ်သည်။

ပြင်ဆင်စရာမလိုပါကဘာမှလုပ်စရာမလိုပါ။

သတိပြုရန်:နောက်ဆုံးရက်၂၂.၄နှင့်၂၉.၄တွင်လည်းတင်ပြနိုင်သော်လည်း၊ယနေ့တင်ပါကနောက်ကျကြေးမှကင်းလွတ်မည်။


အသေးစိတ်အချက်အလက်များအတွက်:[ဖင်လန်အခွန်ဌာနဝက်ဘ်ဆိုဒ်](https://www.vero.fi)ကိုဝင်ရောက်ကြည့်ရှုပါ။




0

No comments

Post a Comment

blogger