ဖင်လန်နိုင်ငံခြားရေးဝန်ကြီး Elina Valtonen သည် မြန်မာနှင့်ထိုင်းနိုင်ငံများတွင် ငလျင်ကြောင့်သေဆုံးသူများအတွက် ၂၀၂၅ မတ်လ ၂၈ ရက် (သောကြာနေ့) တွင် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
"မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပွားခဲ့သော ပြင်းအားမြင့်ငလျင်ကြောင့် မြန်မာနှင့်ထိုင်းနိုင်ငံများတွင် အသက်ဆုံးရှုံးမှုများကို အလွန်ဝမ်းနည်းမိပါသည်။ ဒေသတစ်ဝှမ်းလုံးတွင် ငလျင်၏သက်ရောက်မှုများကို ခံစားနေရပြီး ကျွန်ုမတို့ရဲ့ အောက်မေ့ဖွယ်စကားများကို ထိုသူများထံသို့ ပေးပို့ပါသည်"
ဟု Valtonen က ၎င်း၏ X (Twitter) လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
သတင်းထုတ်ပြန်ချက်များအရ ပြင်းအား ၇.၇ နှင့် ၆.၄ တို့ရှိ ငလျင်တုန်ခါမှုကြောင့် လူ ၁၀၁၄ ဦး သေဆုံးပြီး ၂၂၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းခေါင်းဆောင် SAC ဥက္ကဋ္ဌ မင်းအောင်လှိုင် ၏ ပြောကြားချက်အရ သေဆုံးသူများတွင် နေပြည်တော်မှ ၉၆ ဦး၊ စစ်ကိုင်းတိုင်းမှ ၁၈ ဦး နှင့် ကျောက်ဆည်ခရိုင်မှ ၃၀ ဦး ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်လည်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ဆက်လက်ပြီး ကယ်ဆယ်ရေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းများက ဖော်ပြသည်။
ဖင်လန်နိုင်ငံ သည် ကမ္ဘာ့အဆင့်မီ ငလျင်စောင့်ကြည့်ရေးစနစ်များ ရှိသည့်နိုင်ငံတစ်ခုဖြစ်ပြီး ယခုကဲ့သို့သော သဘာဝဘေးအန္တရာယ်များတွင် နိုင်ငံတကာနှင့် ပူးပေါင်းကူညီလေ့ရှိသည်။
No comments
Post a Comment